Connect with us

Africa & Middle East

မော်ရိုကိုနိုင်ငံဘုရင် က Eid al-Adha ပွဲတော် အတွက် အကျဉ်သား ၃၅၀ အားလွတ်ငြိမ်းချမ်းသာခွင့်ပြု

မော်ရိုကိုနိုင်ငံဘုရင် Mohammed VI အားတွေ့ရစဉ် (ဓာတ်ပုံ--အင်တာနက်)

ရာဘတ်၊ သြဂုတ် ၁၂ ရက် (ဆင်ဟွာ)

မော်ရိုကိုနိုင်ငံဘုရင် Mohammed VIက အစ္စလာမ်ဘာသာဝင်တို့၏ အထွဋ်အမြတ်ပွဲတော်တစ်ခုဖြစ်သော Eid al-Adha ပွဲတော် ၏ အခါသမယတွင် အကျဉ်းသား ၃၅၀ ကို လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ကြောင်း၊ မော်ရိုကိုနိုင်ငံတရားရေးဝန်ကြီးဌာန ၏ သြဂုတ်၁၁ ရက် ထုတ်ပြန်ချက်တွင်ပြောကြာခဲ့သည်။

Eid အစ်ပွဲတော်နေ့တွင် တစ်ကမ္ဘာလုံး ရှိ အစ္စလာမ်ဘာသာဝင်များ က Eid al-Adha သို့မဟုတ် ယစ်ပူဇော်ပွဲတော် ကျင်းပခဲ့ကြသည်။

အဆိုပါထုတ်ပြန်ချက်အရ အကျဉ်းသား ၃၁၅ ဦးအား ၎င်းတို့၏ အကျဉ်းကျသည့် သက်တမ်းအားလျှော့ချခဲ့ပြီး၊ အကျဉ်းသား ၁၆ ယောက်မှာ အကျဉ်းထောင်တွင် ကျခံရန်ကျန်အချိန်ကာလ ကျန်ရှိသော်လည်းလွတ်ငြိမ်းချမ်းသာခွင့်ကြောင့် အကျိုးခံစားခွင့်ရရှိခဲ့ကြောင်း နှင့် အခြားသူများကို ၎င်းတို့၏ အပြစ်ဒဏ်များဖျက်သိမ်းခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

မော်ရိုကိုနိုင်ငံတွင် Eid al-Adha ပွဲတော်အား သြဂုတ် ၁၂ ရက်တွင် ကျင်းပခဲ့သည်။ (Xinhua)