Connect with us

Africa & Middle East

ကြားနေဇုန်အတွက် ဆီးရီးယား သဘောတူညီမှုအတွက် ပြင်ဆင်ရန် တူရကီသို့ အမေရိကန် ကိုယ်စားလှယ်များ ရောက်ရှိ

တူရကီနိုင်ငံ သမ္မတ ရီဆပ် တေရစ် အာဒိုဂန် (Recep Tayyip Erdogan) အား တွေ့ရစဉ် (ဆင်ဟွာ)

အန်ကာရာ၊ သြဂုတ် ၁၃ ရက် (ဆင်ဟွာ)

ဆီးရီးယားကြားနေဇုန် တည်ထောင်ရေးဆိုင်ရာ ပူးတွဲလုပ်ဆောင်မှုစင်တာအတွက် ပြင်ဆင်ရန် အမေရိကန် ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ သြဂုတ်လ ၁၂ ရက်တွင် တူရကီနိုင်ငံသို့ ရောက်ရှိလာခဲ့ကြောင်း တူရကီနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

လူ ၆ ဦး ပါဝင်သော အမေရိကန် ကိုယ်စားလှယ်အဖွဲ့သည် တူရကီနိုင်ငံ တောင်ပိုင်း ဆန်လျူဖာပြည်နယ်သို့ ရောက်ရှိလာခဲ့ကြောင်း၊ ပူးတွဲလုပ်ဆောင်မှုစင်တာက မကြာမီရက်များအတွင်း အသက်ဝင်လာမည်ဟု မျှော်မှန်းထားကြောင်း ကြေညာချက်တွင် ဝန်ကြီးဌာနက ပြောခဲ့သည်။

တူရကီစစ်တပ်က ကျူးကျော်တိုက်ခိုက်ရန်ဖြစ်လာနိုင်သော အခွင့်အလမ်းအား လျှော့ချမည့် ဆီးရီးယားနိုင်ငံ မြောက်ပိုင်းတွင် ကြားနေဇုန်တစ်ခု တည်ထောင်ရန် တူရကီနှင့် အမေရိကန် စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူများက သြဂုတ်လပထမပတ်က သဘောတူခဲ့ကြသည်။

ယူဖရေးတီးစ်မြစ် အရှေ့ဘက်တွင် ပိတ်ပင်ထားသည့် ကာ့ဒ်အလုပ်သမားပါတီ (PKK) ၏ ဆီးရီးယားအဖွဲ့ခွဲဟု တူရကီက ယူဆသော ကာ့ဒ်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များ (YPG) အား ဖယ်ရှားရန် စစ်ဆင်ရေးတစ်ခု လုပ်ဆောင်မည်ဟု တူရကီအစိုးရက ခြိမ်းခြောက်ခဲ့သည်။ (Xinhua)