Connect with us

Eastern Europe

ယူကရိန်းနိုင်ငံက ခေတ်မီနောက်ဆုံးပေါ် T-64 တင့်ကားကို ထုတ်ဖော်ပြသ

ယူကရိန်းနိုင်ငံထုတ် နောက်ဆုံးပေါ် T-64 တင့်ကားအား ပြသထားစဉ်(ဓာတ်ပုံ-အင်တာနက်)

ကိဗ် ၊ သြဂုတ် ၁၃ ရက်(ဆင်ဟွာ)

ယူကရိန်းနိုင်ငံသည် Ukroboronprom အုပ်စု၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်သော နိုင်ငံပိုင် တင့်ကားထုတ်လုပ်သည့် Lviv စက်ရုံမှ ၂ဝ၁၇ မော်ဒယ် T-64 ခေတ်မီနောက်ဆုံးပေါ် တင့်ကားမျိုးဆက်ကို ပြသခဲ့ကြောင်း Ukroboronprom အုပ်စု၏ သြဂုတ် ၁၂ ရက်က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

T-64 သည် တိုက်ပွဲဝင်စွမ်းဆောင်ရည်မြင့် ခေတ်မီတင့်ကားဖြစ်ပြီး ယူကရိန်းစစ်တပ်အတွက် အဓိက တိုက်ပွဲဝင်တင့်ကားဖြစ်လာရန် မျှော်လင့်ထားသည်။

“ ခေတ်မီတိုးတက်လာတဲ့ကာလမှာ တင့်ကားသစ်ကို ညကြည့်မှန်ပြောင်းစနစ်တွေနဲ့တိုက်ပွဲဝင်တင့်ကားတစ်စီးဖြစ်လာအောင် တီထွင်ထားတယ်။ တိကျမှန်ကန်တဲ့ထောက်လှမ်းရေးစနစ် ၊ မှတ်ဉာဏ်စွမ်းရည်စနစ် ၊ ဘယ်လိုအချိန်မျိုးမှာမဆို ဘယ်လိုရာသီဥတုမျိုးမှာမဆို 125 မီလီမီတာအမြောက်နဲ့ရန်သူကို ချေမှုန်းနိုင်ပါတယ်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြမှုအရ သိရသည်။

အဆိုပါတင့်ကားတွင် အလွန်ခေတ်မီသောကာကွယ်ရေးစနစ်အသစ်တစ်ခုလည်း တပ်ဆင်ထားကြောင်း ၊ ယင်းမှာ တိုက်ပွဲဝင်တင့်ကားများ၏ ကာကွယ်ရေးစနစ်ကို အဆင့်မြှင့်တင်ထားခြင်းဖြစ်ကြောင်း နှင့် တင့်ကားဖျက်လက်နက်များကို ခုခံကာကွယ်ရန်အတွက်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။(Xinhua)