မော်စကို ၊ အောက်တိုဘာ ၂၃ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံနှင့်ချုပ်ဆိုထားသော သမိုင်းဝင် တာလတ်ပစ်နျူကလီးယားလက်နက်များသဘောတူညီမှုစာချုပ်(INF) မှ နုတ်ထွက်ရန် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ လုပ်ရပ်အပေါ် ရုရှားနိုင်ငံက စိုးရိမ်ပူပန်မိကြောင်း ကရင်မလင်နန်းတော်က အောက်တိုဘာ ၂၂ ရက်တွင်ပြောကြားခဲ့သည်။
မော်စကို၊ အောက်တိုဘာ ၂၃ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင်သည် ရုရှားနိုင်ငံအပေါ် အဖျက်သဘောဆောင်သော လုပ်ရပ်များကို ပြုလုပ်နေသည့် ယူကရိန်းနိုင်ငံသားများ နှင့် တရားဝင်လုပ်ငန်းများစာရင်းကို စုဆောင်းရန် အစိုးရအား ညွှန်ကြားသည့် အမိန့်စာတစ်စောင်အား အောက်တိုဘာ ၂၂ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
ဆိုးလ် ၊ အောက်တိုဘာ ၂၃ ရက်(ဆင်ဟွာ) တောင်ကိုရီးယား ၊ မြောက်ကိုရီးယား နှင့် ကုလသမဂ္ဂတပ်ဖွဲ့တို့သည် ကိုရီးယားနှစ်နိုင်ငံနယ်စပ်ဒေသအတွင်းရှိ ပူးတွဲလုံခြုံရေးနယ်မြေ(JSA) မှ အစောင့်တပ် နှင့် လက်နက်ကိုင်တပ်ဖွဲ့များကို ရုပ်သိမ်းရန် အောက်တိုဘာ ၂၅ ရက် နောက်ဆုံးထား၍ အောက်တိုဘာ ၂၂ ရက်တွင် သဘောတူညီမှု ရရှိခဲ့ကြောင်း...
ဝါရှင်တန်၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ)
အာဖဂန်နစ္စတန်၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း Baghlan ပြည်နယ် Baghlan-e-Markazi ခရိုင် တွင်အောက်တိုဘာ ၂၁ရက်က စုဝေးပွဲနေသည့် တာလီဘန်အုပ်စုတစ်ခုကို ပစ်မှတ်ထား၍ လေကြောင်းတိုက်ခိုက်မှုတစ်ခုပြုလုပ်ခဲ့ရာ တာလီဘန်စစ်သွေးကြွ အယောက် ၃၀ သေဆုံးခဲ့ကြောင်း မြောက်ပိုင်းဒေသစစ်တပ်ပြောရေးဆိုခွင့်ရှိသူ Mohammad Hanif Rezai ကပြောကြားခဲ့သည်။
ဆာနား၊ အောက်တိုဘာ ၂၂ ရက်(ဆင်ဟွာ) အပူပိုင်းမုန်တိုင်း “လာဘန်”လွန်ခဲ့သော ရက်များက ယီမင်နိုင်ငံ အရှေ့ပိုင်း Al Mahwit ပြည်နယ် ကုန်းမြေသို့ ဝင်ရောက်ခဲ့ရာ ရေကြီးရေလျှံဖြစ်ပွားမှု လူ ၁၁ ဦးသေဆုံးပြီး ၁၂၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ယီမင်အခြေစိုက် ကုလသမဂ္ဂရုံးက အောက်တိုဘာ ၂၁ ရက်နေ့ထုတ်ပြန်ကြေညာခဲ့သည်။
ဝါရှင်တန်၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် Jacksonville မြို့တွင် လူ ၆ဦးသေနတ်ပစ်ခတ်ခံရပြီး ၃ဦးမှာ အခြေအနေစိုးရိမ်ရကြောင်း ဒေသခံရဲတပ်ဖွဲ့က အောက်တိုဘာ ၂၁ ရက်တွင်ပြောကြားခဲ့သည်။
ကွီတို၊ အောက်တိုဘာ ၂၂ ရက်(ဆင်ဟွာ) အီကွေဒေါနိုင်ငံ အနောက်တောင်ပိုင်း Guayasပြည်နယ်တွင် အောက်တိုဘာ ၂၁ ရက်က ပြင်းအား ၅.၆ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ရာ မြို့တော် ကွီတို(Quito)၊ Guayaquilမြို့နှင့် အနောက်တောင်ပိုင်းရှိ မြို့အတော်များများတွင် လှုပ်ခတ်မှုကို ခံစားမိကြောင်း သိရသည်။
အစ္စလာမ်မာဘတ်၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ အရှေ့ပိုင်း Punjab ပြည်နယ် တွင် အောက်တိုဘာ ၂၁ ရက်က ခရီးသည်တင်ဘတ်စ်ကား ၂စီး ခေါင်းချင်းဆိုင်တိုက်မိ၍ အနည်းဆုံး လူ ၁၉ဦးသေဆုံးပြီး ၄၀ကျော်ဒဏ်ရာရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ နှင့် ပြည်တွင်းသတင်းဌာနကဖော်ပြခဲ့သည်။
ဝါရှင်တန် ၊ အောက်တိုဘာ ၂၂ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ ကန်ဒါဟာပြည်နယ်၌ အောက်တိုဘာ ၁၈ ရက်ကဖြစ်ပွားခဲ့သော တိုက်ခိုက်မှုတစ်ခုအတွင်း အမေရိကန်ဗိုလ်ချုပ်တစ်ဦး ဒဏ်ရာရရှိသွားကြောင်း အမေရိကန်စစ်တပ်က အတည်ပြုပြောကြားခဲ့သည်ဟု အမေရိကန်မီဒီယာများက သတင်းဖော်ပြခဲ့သည်။