ရီယတ်၊ အော်တိုဘာ ၂၀ ရက် (ဆင်ဟွာ) ပျောက်ဆုံးနေသော ဆော်ဒီ သတင်းထောက် Jamal Khashoggi သေဆုံးမှုနှင့်ပတ်သက်၍ လူ ၁၈ ဦးအား ဖမ်းဆီးထားကြောင်း ဆော်ဒီအာရေဗျနိုင်ငံက အောက်တိုဘာလ ၂၀ ရက်တွင် ပြောကြားလိုက်ကြောင်း Saudi Press Agemcy (SPA) က သတင်းဖော်ပြခဲ့သည်။
ကွာလာလမ်ပူ၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ) မလေးရှားနိုင်ငံ ဒုတိယဝန်ကြီးချုပ်ဟောင်း အာမတ် ဇာဟစ် ဟမ်မစ်ဒီ (Ahmad Zahid Hamidi) သည် လာဘ်စားမှု၊ ယုံကြည်မှုကို အလွဲသုံးစားလုပ်မှုနှင့် ငွေကြေးခဝါချမှုများအပါအဝင် အမှုပေါင်း ၄၀ ကျော်ဖြင့် အောက်တိုဘာလ ၁၉ ရက်က တရားစွဲခံထားရကြောင်း သိရသည်။
လန်ဒန် ၊ အောက်တိုဘာ ၁၉ ရက်(ဆင်ဟွာ) ကုန်သွယ်ရေးစစ်ပွဲအရှိန်မြင့်တက်လာခြင်းက ကမ္ဘာ့စီးပွားရေးကို အမှန်ပင် အန္တရာယ်ဖြစ်စေနိုင်သလို ကမ္ဘာ့ ကုန်သွယ်ရေးကိုလည်း အကြပ်အတည်း တွေ့စေမည်ဖြစ်ကြောင်း ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ ညွန်ကြားရေးမှူးချုပ်Roberto Azevedoက အောက်တိုဘာ ၁၇ ရက်နေ့က လန်ဒန်တွင် သတိပေးပြောကြားခဲ့သည်။
မက္ကဆီကို စီးတီး ၊ အောက်တိုဘာ ၁၉ ရက်(ဆင်ဟွာ) မက္ကဆီကို နိုင်ငံ အနောက်ပိုင်း Michoacán ပြည်နယ် တွင် အောက်တိုဘာ ၁၈ ရက်က ယာဉ်မတော်တဆမှု တစ်ခု ဖြစ်ပွားခဲ့ရာ လူ ၁၀ ဦး သေဆုံးပြီး ၁၀ ဦးကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
မက္ကဆီကို စီးတီး ၊ အောက်တိုဘာ ၁၉ ရက်(ဆင်ဟွာ) မက္ကဆီကို နိုင်ငံ အနောက်ပိုင်း Michoacán ပြည်နယ် တွင် အောက်တိုဘာ ၁၈ ရက်က ယာဉ်မတော်တဆမှု တစ်ခု ဖြစ်ပွားခဲ့ရာ လူ ၁၀ ဦး သေဆုံးပြီး ၁၀ ဦးကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဝါရှင်တန် ၊ အောက်တိုဘာ ၁၉ ရက်(ဆင်ဟွာ) ကမ္ဘာ့စာပို့လုပ်ငန်း သမဂ္ဂ (UPU)မှ နုတ်ထွက်တော့မည်ဟု အမေရိကန် အိမ်ဖြူတော်က အောက်တိုဘာ ၁၇ ရက်တွင် ကြေညာခဲ့ပြီးနောက် နိုင်ငံတကာတွင် ဝေဖန်သုံးသပ်မှုအများအပြား ဖြစ်ပေါ်လာပါသည်။ အမေရိကန်သည် နိုင်ငံတကာဘက်ပေါင်းစုံပါဝင်သည့် ကဏ္ဍများတွင် ဖိအားပေး ခြင်း၊ထစ်ခနဲ့ဆိုလျှင် သီးခြားခွဲထွက်လုပ်ဆောင်မည်ဟု ဆိုခြင်းများက အမှန်ပင်...
တူနစ်စ်၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ) တူနီးရှားနိုင်ငံ ပြည်နယ်အတော်များများတွင် အောက်တိုဘာလ ၁၇ ရက် ညနေမှ ၁၈ ရက်အထိ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေလွှမ်းမိုးမှုများဖြစ်ပွားခဲ့ပြီး လူ ၅ ဦးသေဆုံးကာ ၂ ဦးပျောက်ဆုံးနေကြောင်း တူနီးရှားနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနက ပြောကြားလိုက်သည်။
ဂျီနီဗာ၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ) ယီမင်နိုင်ငံသည် လူဦးရေ ၈ သန်းခန့် ငတ်မွတ်ခေါင်းပါးမှု ချောက်ကမ်းပါးစွန်းသို့ ရောက်ရှိခြင်းနှင့်အတူ ကမ္ဘာ့ငတ်မွတ်ခေါင်းပါးမှု အဆိုးဝါးဆုံးအခြေအနေနှင့် ရင်ဆိုင်နေရကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က အောက်တိုဘာလ ၁၆ ရက်က သတင်းထောက်များအား ပြောကြားခဲ့သည်။
ဘန်ကောက်၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံသည် အလတ်စားရေငုပ်သင်္ဘောပုံစံရေးဆွဲမှု စီမံကိန်း အား အကူအညီပေးရန် ဗြိတိန်ကာကွယ်ရေးအကြံပေးအဖွဲ့ တစ်ဖွဲ့အား ငှားရမ်းခဲ့ကြောင်း သိရသည်။
ကိဗ် ၊ အောက်တိုဘာ ၁၈ ရက်(ဆင်ဟွာ) ခရိုင်းမီးယားဒေသ Kerch ပေါ်လီနည်းပညာကောလိပ်တွင် ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုအား ရှုတ်ချအပြစ်တင်ကြောင်း ယူကရိန်းသမ္မတ Petro Poroshenkoက အောက်တိုဘာ ၁၇ ရက်တွင် ပြောကြားခဲ့သည်။