Connect with us

North America

ထရန့်က အာရပ် နိုင်ငံများသို့လက်နက်များ ရောင်းချခြင်းကို ပိတ်ပင်သည့် ကွန်ဂရက် ဆုံးဖြတ်ချက်အား ဗီတို အာဏာဖြင့် ပယ်ချ

အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရန့် က ဇူလိုင် ၂၄ ရက်တွင် သတင်းထောက်များကို ပြောကြားနေစဉ် (ဆင်ဟွာ)

ဝါရှင်တန် ၊ ဇူလိုင် ၂၅ ရက်(ဆင်ဟွာ)

ဆော်ဒီအာရေဘီးယား နိုင်ငံ နှင့် အာရပ်စော်ဘွားများ ပြည်ထောင်စု (UAE) သို့လက်နက်များ ရောင်းချရန် အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရန့်အစိုးရ၏ ကြိုးပမ်းမှုအား ပိတ်ပင်ရန် ရည်ရွယ်သော ကွန်ဂရက်၏ ဆုံးဖြတ်ချက်များအား သမ္မတ ဒေါ်နယ်ထရန့်က ဇူလိုင် ၂၄ ရက်တွင် ပယ်ချခဲ့ကြောင်း သိရသည်။

အိမ်ဖြူတော်က ထုတ်ပြန်သော ကြေညာချက်တွင် သမ္မတ ဒေါ်နယ်ထရန့်က ဆုံးဖြတ်ချက် သုံးရပ် အပေါ် ဇူလိုင် ၂၄ ရက် ညနေပိုင်းတွင် ဗီတိုအာဏာဖြင့် ဆုံးဖြတ်ခဲ့ကြောင်း ၊ အဆိုပါ ဆုံးဖြတ်ချက်များသည် အမေရိကန် နိုင်ငံ၏ ကမ္ဘာလုံးဆိုင်ရာ ယှဉ်ပြိုင်မှုကို အားနည်းစေနိုင်ကြောင်း နှင့် မဟာမိတ်များ ၊ လုပ်ဖော်ကိုင်ဖက်များ နှင့် ဆက်ဆံရေးကို ပျက်စီး စေနိုင်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်အတွက် ယခုကဲ့သို့ဗီတိုအာဏာ အသုံးပြုခြင်းသည် သုံးကြိမ်မြောက် ရှိလာခဲ့ကြောင်း သိရသည်။

အမေရိကန် အထက် လွှတ်တော်က ဆုံးဖြတ်ချက်များအား ဇွန်လတွင် ဆက်လက်ပြုလုပ်ရန် ခွင့်ပြုပြီးနောက် အမေရိကန် အောက်လွှတ်တော် ကိုယ်စားလှယ် များကလည်း ယင်းဆုံးဖြတ်ချက်များကို ပြီးခဲ့သည့် ရက်သတ္တပတ်က အတည်ပြုခဲ့သည်။

အဆိုပါ ဗီတို အာဏာကို လွှမ်းမိုးနိုင်ရေး အတွက် မည်သည့် လွှတ်တော်ကမှ လိုအပ်သော ဆန္ဒမဲ ရရှိရန် မမျှော်လင့်နိုင်တော့ကြောင်း သိရသည်။

ယီမင် နိုင်ငံ ပဋိပက္ခ နှင့် ဆော်ဒီ ဂျာနယ်လစ် Jamal Khashoggi သတ်ဖြတ်ခံရမှု တို့တွင် လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာ အကျပ်အတည်းကို ကိုးကားပြီး အမေရိကန် နိုင်ငံ ကွန်ဂရက်က ဆော်ဒီအာရေဘီးယား နိုင်ငံ နှင့် အာရပ်စော်ဘွားများ ပြည်ထောင်စု (UAE) သို့လက်နက် ရောင်းချခြင်းကို ဆိုင်းငံ့ထားရန် သဘောထား ရှိခဲ့သည်။

သမ္မတ ဒေါ်နယ်ထရန့်အစိုးရက အမေရိကန် နိုင်ငံ၏ ဒေသတွင်း မိတ်ဖက်များသို့အီရန် ခြိမ်းခြောက်မှုများအား တားဆီးရန် အမေရိကန် ဒေါ်လာ ၈.၁ ဘီလီယံ တန်ကြေးရှိသော လက်နက်များအား ရောင်းချခြင်း ပြုရန် လက်နက် တင်ပို့မှု ထိန်းချုပ်ရေး အက်ဥပဒေ၏ “အရေးပေါ် အခြေအနေ” ပြဌာန်းချက် ဖြည့်စွက် ဆောင်ရွက် သွားမည်ဟု

မေလတွင် ကြေညာခဲ့ကြောင်း သိရသည်။(Xinhua)