Connect with us

Africa & Middle East

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့တွင် ပေါက်ကွဲမှု ၃ ကြိမ်ဖြစ်ပွားမှုကြောင့် လူ ၅ ဦးသေဆုံး၊ ၁၆ ဦး ဒဏ်ရာရ

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့တွင် ဇွန်လက အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရသည့် ကားတစ်စီးအား တွေ့ရစဉ် (ဆင်ဟွာ)

ကဘူးလ်၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့တွင် ဇူလိုင်လ၂၅ ရက် နံနက်ပိုင်း ရုံးတက်ရုံးဆင်းချိန်တွင် ပေါက်ကွဲမှု ၃ ကြိမ်ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၅ ဦးသေဆုံးပြီး အခြားလူ ၁၆ ဦးဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် နက်စ်ရတ် ရာဟီမီ (Nasrat Rahimi) က ပြောကြားခဲ့သည်။

ရာဟီမီ၏အဆိုအရ ပထမဆုံးပေါက်ကွဲခဲ့သည့်ဗုံးမှာ ဒေသစံတော်ချိန် နံနက် ၈း၁၀ နာရီခန့်က အမှတ် ၁၆ ရဲခရိုင်တွင် သတ္တုတွင်းဝန်ကြီးဌာန၏ ဝန်ထမ်းများအား တင်ဆောင်လာသော မီနီဘတ်စ်တစ်စီးအား ပစ်မှတ်ထားခဲ့ခြင်း ဖြစ်ကာ လူ ၅ ဦးသေဆုံးပြီး အခြားလူ ၁၆ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ ၎င်းတို့အားလုံးမှာ အမျိုးသမီးများနှင့် ကလေးငယ်များဖြစ်ကြောင်း သိရသည်။

ဒုတိယအကြိမ်ပေါက်ကွဲမှုမှာ ပထမအကြိမ်ပေါက်ကွဲမှုဖြစ်ပွားသည့်အချိန်အနည်းငယ်အတွင်း ယင်းနေရာအနီး၌ပင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ တတိယအကြိမ်ပေါက်ကွဲမှုမှာမူ အမှတ် ၉ ရဲခရိုင်၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း၊ စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေကြောင်းနှင့် စုံစမ်းစစ်ဆေးမှုပြီးစီးပါက အသေးစိတ်အချက်အလက်များအား မီဒီယာသို့ မျှဝေပေးမည်ဖြစ်ကြောင်း ရာဟီမီက ပြောခဲ့သည်။ (Xinhua)