နယူးယောက်၊ မေ ၁ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံနှင့် တရုတ်နိုင်ငံတို့မှ ရင်းနှီးမြှုပ်နှံသူများသည် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းများ ရှာဖွေရန် ဘီလျံနာသူဌေးကြီး ဝါရန်ဘက်ဖက် (Warren Buffett) ၏ မွေးရပ်ဇာတိဖြစ်သော နီဗရက်စကပြည်နယ် အိုမာဟာမြို့တွင် မေလ ၄ ရက်၌ တွေ့ဆုံမည် ဖြစ်ကြောင်း သိရသည်။
နယူးဒေလီ၊ မေ ၁ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အနောက်ပိုင်း မဟာရာရှ်ထရာပြည်နယ်တွင် လူအုပ်အတွင်းသို့ အရှိန်လွန် ထရပ်ကားတစ်စီး ဝင်တိုက်မိခြင်းကြောင့် အနည်းဆုံး လူ ၅ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က မေလ ၁ ရက်တွင် ပြောကြားလိုက်သည်။
ဒါကာ၊ မေ ၁ ရက် (ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရှိ နေရာဒေသများတွင် ဧပြီ ၃၀ရက်က မိုးကြိုးပစ်မှုများကြောင့် လူ ၁၄ဦးကျော် သေဆုံးခဲ့ကြောင်း သိရသည်။
ကဘူးလ် ၊ မေလ ၁ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်တောင်ပိုင်း ကန်ဒါဟာပြည်နယ်တွင် ဧပြီလ ၃၀ ရက်က အသေခံ ကားဗုံးခွဲတိုက်ခိုက်မှုတစ်ခု ကြောင့် နေတိုး(NATO)စစ်သား ၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အာဖဂန်အခြေစိုက် နေတိုး(NATO)တပ်ဖွဲ့က ထိုနေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။
အမ္မန် ၊ မေ ၁ ရက်(ဆင်ဟွာ)
တဲလ်အဗစ် ၊ မေ ၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၏ အကြီးဆုံးစီးပွားရေးလုပ်ငန်းစုကြီးဖြစ်သော အလီဘာဘာ(Alibaba) အုပ်စု၏ ဥက္ကဋ္ဌ နှင့် တည်ထောင်သူ ဂျက်မားသည် ဧပြီ ၃ဝ ရက်တွင် အစ္စရေးနိုင်ငံသို့ရောက်ရှိလာကြောင်း သိရသည်။
ဝါရှင်တန် ၊ မေ ၁ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်က တရုတ်-အမေရိကန် နှစ်နိုင်ငံကုန်သွယ်ရေးကိစ္စရပ်များ ဆွေးနွေးပွဲသို့တက်ရောက်ရန် မေလ ၃ ရက်တွင် တရုတ်နိုင်ငံသို့သွားရောက်မည့် အမေရိကန်တရားဝင်ကိုယ်စားလှယ်အဖွဲ့၏ အဖွဲ့ဝင် အမည်များကို ဧပြီ ၃၀ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ဂျေရုဆလင် ၊ ဧပြီ ၃၀ ရက်(ဆင်ဟွာ) အမေရိကန်က အစ္စရေးကဲ့သို့ အင်အားကြီးမဟာမိတ်နှင့် ဘက်ပေါင်းစုံပူးပေါင်းဆောင်ရွက်မှုများကို နီးနီးကပ်ကပ်ဆောင်ရွက်သွားပြီး အီရန်ကို တားဆီးမှုများပြုလုပ်လိုကြောင်း အစ္စရေးနိုင်ငံသို့ ရောက်ရှိနေသည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး Mike Pompeoက ဧပြီလ ၂၉ ရက်တွင် ပြောကြားခဲ့သည်။
ဘန်ကောက်၊ ဧပြီ ၃၀ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံတောင်ပိုင်း Surat Thani ပြည်နယ် ၌ ဧပြီ ၃၀ ရက် နံနက်ပိုင်းတွင် ခရီးသွားဘတ်စ်ကားတစ်စီး လမ်းဘေးမြောင်းအတွင်းသို့ ပြုတ်ကျခဲ့ရာ အနည်းဆုံး လူ ၁၉ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်တွင်းသတင်းတစ်ခုကဖော်ပြခဲ့သည်။
ကဘူးလ်၊ ဧပြီ ၃၀ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ်မြို့ အလယ်ပိုင်း သံတမန်ရပ်ကွက်တစ်ခုတွင် ဧပြီ ၃၀ ရက် နံနက်ပိုင်းက အသေခံဗုံးဖောက်ခွဲမှု ၂ခုဖြစ်ပွားခဲ့ရာ အသေခံဗုံးခွဲသမား ၂ဦးအပါအဝင် သေဆုံးသူ အနည်းဆုံး ၂၃ဦးအထိ ရှိလာပြီး အခြားလူ ၂၇ဦး ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက...