Connect with us

Europe

တူရကီ-အမေရိကန် ဆက်ဆံရေး နှစ်နိုင်ငံ သမ္မတ ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေး

တူရကီနိုင်ငံ သမ္မတ ရီဆပ် တေရစ် အာဒိုဂန် နှင့် အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်အား တွေ့ရစဉ်(ဆင်ဟွာ)

အန်ကာရာ၊ မေ ၃၀ ရက်(ဆင်ဟွာ)

တူရကီ-အမေရိကန် နှစ်နိုင်ငံဆက်ဆံရေးနှင့်ဒေသဆိုင်ရာ ပြဿနာများကို တူရကီနိုင်ငံ သမ္မတ ရီဆပ် တေရစ် အာဒိုဂန် (Recep Tayyip Erdogan) နှင့် အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump)တို့က မေ ၂၉ ရက်တွင် ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဆွေးနွေးရာတွင် တူရကီနိုင်ငံ သမ္မတ ရီဆပ် တေရစ် အာဒိုဂန် (Recep Tayyip Erdogan) က ရုရှား နိုင်ငံထုတ် S-400 လေကြောင်းကာကွယ်ရေး စနစ် ဝယ်ယူရန် တူရကီ-အမေရိကန် ပူးတွဲအလုပ်အဖွဲ့ ဖွ့ဲစည်းဖို့ ထပ်မံအကြံပြုခဲ့ကြောင်း၊ ဇွန်လတွင် ဂျပန်နိုင်ငံ အိုဆာကာမြို့၌ ကျင်းပမည့် G20 ထိပ်သီးအစည်းအဝေးကာလတွင် တွေ့ဆုံဆွေးနွေးရန် နှစ်ဖက်သဘောတူခဲ့ကြောင်း တူရကီ သမ္မတ အိမ်တော် သတင်းနှင့်ပြန်ကြားရေးရုံးအကြီးအကဲ Fahrettin Altunက လူမှုမီဒီယာတွင် ဖော်ပြခဲ့သည်။

အမေရိကန် အိမ်ဖြူတော်ကလည်း မေ ၂၉ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့ရာ နှစ်ဖက်ဆွေးနွေးညှိနှိုင်းမှုတွင် ကုန်သွယ်ရေးတိုးမြှင့်ဆောင်ရွက်ရန်၊ တူရကီ သံမဏိတင်သွင်းမှုကို အမေရိကန်မှ အခွန်လျှော့ချရန် နှင့်တူရကီနိုင်ငံ၏ S-400 လေကြောင်းကာကွယ်ရေး စနစ် ဝယ်ယူရန်အစီအစဉ်တို့ပါဝင်ကြောင်း ၊လာမည့်လ ဂျပန်နိုင်ငံတွင် ကျင်းပမည့် G20 ထိပ်သီးအစည်းအဝေးကျင်းပသည့်ကာလတွင် သက်ဆိုင်ရာအရေးကိစ္စများကို ဆက်လက် ညှိနှိုင်းဆွေးနွေးသွားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

၂၀၁၇ ခုနှစ် ဒီဇင်ဘာလတွင် တူရကီက ရုရှားထံမှ S-400 လေကြောင်းကာကွယ်ရေး စနစ်ဝယ်ယူရန် သဘောတူလက်မှတ်ရေးထိုးခဲ့သည်။ အဆိုပါစနစ်သည် နောင်အခါတွင် ရုရှား က အမေရိကန်နှင့်မဟာမိတ်နိုင်ငံများရှိ F-35 တိုက်လေယာဉ်များ၏ တည်နေရာကို ခြေရာခံလိုက်ရာတွင် အထောက်အကူဖြစ်ကောင်းဖြစ်လိမ့်မည်ကို စိုးရိမ်ကြရာ အမေရိကန်စသည့် နေတိုးအဖွဲ့ဝင်နိုင်ငံများက ဝယ်ယူခြင်းမပြုရန် တူရကီအား အကြိမ်ပေါင်းများစွာ သတိပေးပြောကြားခဲ့သည်။ ယခုနှစ် ဧပြီလတွင် အမေရိကန်က တူရကီသို့ F-35 တိုက်လေယာဉ် စက်ပစ္စည်းတင်ပို့မှုများ ခေတ္တရပ်နားကြောင်း ကြေညာခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.