Connect with us

Africa & Middle East

တီဟီရန်၏ မြို့တော်ဝန်ဟောင်းအား ဇနီးဖြစ်သူကို သတ်သည့်အတွက် အရေးပေါ်ထိန်းသိမ်း

တီဟီရန် မြို့တော်ဝန်ဟောင်း Mohammad Ali Najafi အားတွေ့ရစဉ် (ဓာတ်ပုံ--အင်တာနက်)

တီဟီရန် ၊ မေ ၂၉ ရက် (ဆင်ဟွာ)

တီဟီရန် မြို့တော်ဝန်ဟောင်း Mohammad Ali Najafi အား ၎င်း၏ ဇနီးဖြစ်သူ ကို သတ်မှုဖြင့် မေ ၂၈ ရက်တွင် ထိန်းသိမ်းထားကြောင်း တီဟီရန်ပြစ်မှုဆိုင်ရာတရားရုံး က အကြီးအကဲဖြစ်သူ Mohammad Shahryari က နိုင်ငံပိုင်သတင်းဌာန IRNA ကိုပြောသည်။

Najafi ၏ ဒုတိယ ဇနီးဖြစ်သူ Mitra Ostad သည် အီရန်နိုင်ငံ ၏ မြို့တော်တီဟီရန် မြောက်ပိုင်းရှိ ၎င်း၏ နေအိမ်တွင် သေနတ်ဒဏ်ရာဖြင့်သေဆုံးခဲ့ကြောင်း သိရသည်။

မိသားစုအငြင်းအခုံဖြစ်ရင်း ဖြစ်ပွားသည့် လူသတ်မှုဖြစ်ကြောင်း Shahryari ဆိုသည်။ Najafi အနေဖြင့် ဇနီးသည်အားသတ်သည်ဟုဝန်ခံကြောင်း ၎င်းက ဖြည့်စွက်ပြောကြားသည်။

Najafi သည် ပြုပြင်ပြောင်းလဲရေးနိုင်ငံရေးသမားတစ်ဦးဖြစ်ပြီး ၎င်းသည် တီဟီရန် မြို့တော်ဝန်အဖြစ် ၂၀၁၈ ခုနှစ် ဧပြီလ အထိ ၈ လတာ တာဝန်ယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။

၎င်းသည်လက်ရှိတွင် အီရန်နိုင်ငံသမ္မတ ဟာဆန်ရိုဟာနီ (Hassan Rouhani) ၏ အစိုးရအဖွဲ့ တွင်အကြံပေးပုဂ္ဂိုလ်အဖြစ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.