Connect with us

Africa & Middle East

အီရန်က ပင်လယ်ကွေ့နိုင်ငံများ နှင့် တွေ့ဆုံ ဆွေးနွေးရန် အဆင်သင့်ရှိဟုဆို

ကာတာ ဒုတိယ ၀န်ကြီးချုပ် နှင့် နိုင်ငံခြားရေး ၀န်ကြီး က အီရန် ဒုတိယ နိုင်ငံခြားရေး ၀န်ကြီးအား တွေ့ ဆုံစဉ်(ဓာတ်ပုံ - အင်တာနက်)

ဒိုဟာ ၊ မေ ၂၉ ရက်(ဆင်ဟွာ)

ကာတာ နိုင်ငံ ဒုတိယ ဝန်ကြီးချုပ် နှင့် နိုင်ငံခြားရေး ဝန်ကြီး Sheikh Mohamed bin Abdulrahman Al Thani သည် ကာတာ နိုင်ငံသို့ရောက်ရှိလာသည့် အီရန် နိုင်ငံ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး Abbas Araqchi နှင့် မေ ၂၈ ရက်တွင် တွေ့ဆုံခဲ့ကြောင်း ကာတာ နိုင်ငံခြားရေး ဝန်ကြီးဌာန၏ သတင်း ထုတ်ပြန်မှု အရ သိရသည်။

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံ ဆက်ဆံရေးကို မြှင့်တင်သွားမည့် နည်းလမ်းများ နှင့် နှစ်နိုင်ငံလုံးနှင့် သက်ဆိုင်သော ဒေသဆိုင်ရာ ကိစ္စရပ် တစ်ချို့အား ဆွေးနွေးခဲ့ကြောင်း သိရသည်။

နှစ်ဦးနှစ်ဘက်လုံးက ဒေသတွင်း အခြေအနေများ ကို သုံးသပ်ခဲ့ကြပြီး ဒေသတွင်း ပြသနာများ ၊ တင်းမာမှုများအပေါ် စိုးရိမ်ပူပန်ကြောင်း ပြောကြားခဲ့ကြသည်။

နှစ်ဘက်လုံးက ပြဿနာများအား ဖြေရှင်းရန် တွေ့ဆုံဆွေးနွေးရေး အရေးပါမှု အပေါ် အပြန်အလှန် ပြောကြားခဲ့ကြောင်း သိရသည်။

အီရန် နိုင်ငံ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး Abbas Araqchi က အီရန် နှင့် ပင်လယ်ကွေ့နိုင်ငံများ အကြား ဒေသ၏ လုံခြုံရေး နှင့် တည်ငြိမ်အေးချမ်းရေး တို့နှင့် ပတ်သက်၍ အီရန် နိုင်ငံဘက်မှ တွေ့ဆုံ ဆွေးနွေးရန် အသင့် ရှိကြောင်း အလေးပေး ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117