Connect with us

Africa & Middle East

အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း ဝါဒတ်ပြည်နယ်တွင် စစ်သွေးကြွ ၁၂ ဦးသေဆုံးခဲ့သည့်အနက် တာလီဘန် အဓိကတပ်မှူးတစ်ဦးလည်း ပါဝင်

အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း ဝါဒတ်ပြည်နယ်တွင် တာလီဘန်များ၏ တိုက်ခိုက်မှုကြောင့် ပျက်စီသွားသည့်အဆောက်အဦတစ်ခုအား တွေ့ရစဉ် (ဆင်ဟွာ)

မိုင်ဒန်ရှာ၊ အာဖဂန်နစ္စတန်၊ မေ ၂၉ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း ဝါဒတ်ပြည်နယ်တွင် သေဆုံးခဲ့သည့် စစ်သွေးကြွ ၁၂ ဦးအနက် တာလီဘန် အဓိကတပ်မှူးတစ်ဦးဖြစ်သော မူလာ ဆတ်ဒမ် (Mullah Sadam) ပါဝင်ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် နက်စ်ရာတူလာ ရာဟီမီ (Nasratullah Rahimi) က ပြောကြားလိုက်သည်။

ဂျယ်ရစ်ဇ်ခရိုင်ရှိ တာလီဘန်များ ပုန်းခိုရာနေရာများသို့ မေလ ၂၉ ရက် အစောပိုင်း၌ ရဲတပ်ဖွဲ့ဝင်များက အပြင်းအထန် စီးနင်းတိုက်ခိုက်မှုအတွင်း နာမည်ဆိုးဖြင့်ကျော်ကြားသော တာလီဘန် တပ်မှူး မူလာ ဆတ်ဒမ် အပါအဝင် စစ်သွေးကြွ ၁၂ ဦး သေဆုံးခဲ့ကြောင်းနှင့် အခြားသူ ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

တပ်မှူး ဆတ်ဒမ်သည် ဝါဒတ်ပြည်နယ်နှင့် အနီးဝန်းကျင်ရှိ အဖျက်အမှောင့်လှုပ်ရှားမှုများတွင် ပါဝင်ပတ်သက်မှုရှိခဲ့သည်ဟု အဆိုပါ ပြောခွင့်ရပုဂ္ဂိုလ်က ဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117