ဆိုးလ်၊ ဇန်နဝါရီ ၂၆ ရက် (ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံ အရှေ့တောင်ပိုင်း Milyang မြို့တွင် ဆေးရုံတစ်ခု မီးလောင်မှုကြောင့် သေဆုံးသူဦးရေသည် ၃၃ဦးအထိမြင့်တက်လာကြောင်း မီးသတ်အာဏာပိုင်များ၏ ပြောကြားချက်ကို ကိုးကား၍ ပြည်တွင်းသတင်းများ၌ ဇန်နဝါရီ ၂၆ရက်တွင် ဖော်ပြခဲ့သည်။
မွန်တီဗီဒီယို ၊ ဇန်နဝါရီ ၂၆ ရက် (ဆင်ဟွာ) ဥရုဂွေး နိုင်ငံ သမ္မတ Tabaré Vázquez က ဇန်နဝါရီ ၂၄ ရက်နေ့ ၌ သမ္မတ အိမ်တော် တွင် တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ဝန်ကြီး ဝမ်ရိ နှင့် တွေ့ဆုံဆွေးနွေးမှု...
ဗလာဒီဗိုစတော့၊ ဇန်နဝါရီ ၂၅ ရက် (ဆင်ဟွာ) သင်္ဘောသား ၂၁ဦးပါရှိသည့် “Vostok” အမည်ရှိသော ရုရှားငါးဖမ်းသင်္ဘောတစ်စီး သည် ဂျပန်ပင်လယ်ပြင်တွင် ပျောက်ဆုံးသွားခဲ့ကြောင်းအရေးပေါ်အခြေအနေဆိုင်ရာ ဝန်ကြီးဋ္ဌာနက ဇန်နဝါရီ ၂၅ရက်တွင် ထုတ်ပြန်ခဲ့သည်။
နယူးဒေလီ၊ ဇန်နဝါရီ ၂၅ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အလယ်ပိုင်း Chhattisgarh ပြည်နယ် တွင် ဇန်နဝါရီ ၂၄ရက်က ဖြစ်ပွားခဲ့သည့် သေနတ်တိုက်ပွဲတစ်ခုကြောင့် အနည်းဆုံး ရဲတပ်ဖွဲ့ဝင် ၄ဦးသေဆုံးပြီး လူ ၇ဦး ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများကပြောကြားခဲ့သည်။
အန်ကာရာ၊ ဇန်နဝါရီ ၂၅ ရက် (ဆင်ဟွာ) ဆီးရီးယားနိုင်ငံ အက်ဖရင်းမြို့မှ တူရကီနိုင်ငံ ၏ နယ်စပ်မြို့ဖြစ်သော ကီလစ်မြို့သို့ ဇန်နဝါရီ ၂၄ရက်က ဒုံးကျည် ၂စင်းဖြင့် ပစ်ခတ်ခဲ့သဖြင့် လူ ၂ဦးသေဆုံးပြီး အခြားလူ ၁၂ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းအုပ်ချုပ်ရေးမှူးတစ်ဦးက ပြောကြားခဲ့သည်။
ဝါရှင်တန် ၊ ဇန်နဝါရီ ၂၅ ရက် (ဆင်ဟွာ) အမေရိကန် နိုင်ငံ ကျွမ်းဘားအားကစား အသင်း ဆရာဝန်ဟောင်း Nassar ၏ ပြစ်ဒဏ် ကျခံမှု အတိုင်းအတာ နှင့် ပတ်သက်၍ အချိန် တစ်ပတ်ကျာ ကြားနာမှု ဆောင်ရွက်ပြီးနောက်တွင် ဇန်နဝါရီ ၂၄ ရက်နေ့ Michigan...
ဖနွမ်းပင်၊ ဇန်နဝါရီ ၂၄ ရက် (ဆင်ဟွာ) ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဆမ်ဒတ်တက်ချို ဟွန်ဆန် (Samdech Techo Hun Sen) သည် အိန္ဒိယနိုင်ငံသို့ ငါးရက်ကြာ ချစ်ကြည်ရေးခရီးအဖြစ် ယနေ့ (ဇန်နဝါရီလ ၂၄ ရက်) တွင် ထွက်ခွာသွားပြီဖြစ်ကြောင်း အဆင့်မြင့် အရာရှိကြီး တစ်ဦးက...
ဂျကာတာ၊ ဇန်နဝါရီ ၂၄ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံတွင် ဇန်နဝါရီ ၂၃ရက်က လှုပ်ခတ်ခဲ့သော အင်အားပြင်းထန်သည် ငလျင်တစ်ခုကြောင့် လူတစ်ဦးသေဆုံးခဲ့ပြီး နေအိမ်များ၊ အဆောက်အအုံများ နှင့် အများပြည်သူဆိုင်ရာ အဆောက်အဦး ၁,၁၀၀လုံး ခန့် ထိခိုက်ပျက်စီးခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက ဇန်နဝါရီ ၂၄ရက်တွင်ပြောကြားခဲ့သည်။
ဂျာလာလာဘတ်၊ ဇန်နဝါရီ ၂၄ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း နန်ဂါဟာပြည်နယ်မြို့တော် ဂျာလာလာဘတ်မြို့၌ ယနေ့ (ဇန်နဝါရီလ ၂၄ ရက်) တွင် အသေခံဗုံးဖောက်ခွဲမှု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်နယ်အစိုးရ ပြောခွင့်ရပုဂ္ဂိုလ် အက်တူလာ ခိုဂျီယာနီက ပြောကြားခဲ့သည်။
ဘာလင်၊ ဇန်နဝါရီ ၂၄ ရက် (ဆင်ဟွာ) ဂျာမနီနိုင်ငံ အနောက်ပိုင်း Karlsruhe မြို့အနီးရှိ ကောင်းကင်ယံတွင် ဇန်နဝါရီ ၂၃ရက်က အပေါ့စားလေယာဉ်တစ်စီး နှင့် ရဟတ်ယာဉ်တစ်စီး တို့တိုက်မိ၍ လူ၄ဦးသေဆုံးခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။