Connect with us

Africa & Middle East

လစ်ဗျား နိုင်ငံ ထရီပိုလီမြို့၌ တိုက်ပွဲများ မြင့်တက်လာရာမှ သေဆုံးသူ ၅၁၀ ဦးရှိလာကြောင်း WHO ပြော

လစ်ဗျားနိုင်ငံ ထရီပိုလီမြို့ ၌ ဧပြီလ အတွင်း ဖြစ်ပွားသော ကားဗုံးခွဲ တိုက်ခိုက်မှု မြင်ကွင်းအား တွေ့ ရစဉ်(ဆင်ဟွာ)

ထရီပိုလီ ၊ မေ ၂၁ ရက်(ဆင်ဟွာ)

လစ်ဗျားနိုင်ငံ ထရီပိုလီမြို့နှင့် အနီးတစ်ဝိုက်တွင် တိုက်ပွဲများ ဖြစ်ပွားမှု များကြောင့် သေဆုံးသူ ဦးရေမှာ စုစုပေါင်း ၅၁၀ ဦး ရှိခဲ့ပြီး ၂,၄၆၇ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့(WHO)က မေ ၂၀ ရက်တွင် ပြောကြားခဲ့သည်။

“လစ်ဗျား နိုင်ငံ ထရီပိုလီမြို့မှာ လက်နက်ကိုင် ပဋိပက္ခကြောင့် သေဆုံးသူ အရေအတွက်က ဆက်လက် မြင့်တက်နေပါတယ်။မေ ၁၉ ရက် အထိ ၅၁၀ ဦး သေဆုံးပြီး ၂,၄၆၇ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။”ဟု WHO က တွစ်တာ စာမျက်နှာတွင် ဖော်ပြထားသည်။

Khalifa Haftar ဦးဆောင်သော လစ်ဗျားအရှေ့ပိုင်းအခြေစိုက် လက်နက်ကိုင်တပ်ဖွဲ့သည် ကုလသမဂ္ဂ ကျော ထောက် နောက်ခံ ပေးထားသော လစ်ဗျားအစိုးရ သိမ်းပိုက်ထားသည့် ထရီပိုလီမြို့အား ပြန်လည် သိမ်းယူ နိုင်ရန် ဧပြီလ အစောပိုင်းကတည်းက စစ်ရေး တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

လစ်ဗျားနိုင်ငံတွင် ၂ဝ၁၁ ခုနှစ်က ယခင် နိုင်ငံ့ ခေါင်းဆောင် မူအမ်မာကဒါဖီ(Muammar Gaddafi) ရာထူးမှ ပြုတ်ကျ သွားချိန်မှ စ၍ အသွင်ကူးပြောင်းရေး ကာလကို မတည်ငြိမ်မှု အခြေအနေများ အကြား ဖြတ်သန်းရလျက် ရှိသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.