Connect with us

North America

အမေရိကန်နိုင်ငံ အစိုးရ ပိတ်ဆို့မှု ဟွာဝေး၏ 5G နည်းပညာထုတ်ကုန်များကို မထိခိုက်

ဟွာဝေးကုမ္ပဏီ၏ 5G နည်းပညာမိုဘိုင်းဖုန်းတစ်ခုအား စတင်မိတ်ဆက် နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ရှင်ဇန်း၊မေ ၂၁ ရက်(ဆင်ဟွာ)

ဟွာဝေးနည်းပညာကုမ္ပဏီလီမိတက်ကိုစတင်တည်ထောင်သူနှင့်ကုမ္ပဏီဥက္ကဋ္ဌလည်းဖြစ်သော ရိမ်ကျိန့် ဖေး ကအမေရိကန်အစိုးရ ပိတ်ဆို့တင်းကျပ်မှုများကြောင့်ဟွာဝေးကုမ္ပဏီ၏အဆင့်မြင့်နည်းပညာထုတ် ကုန်များ၊အထူးသဖြင့် 5G နည်းပညာထုတ်လုပ်မှုများအပေါ် တိုက်ရိုက်အကျိုးသက်ရောက် ထိခိုက်မှုရှိ မည်မဟုတ်ပါကြောင်း မေလ ၂၁ ရက်ကပြောကြားခဲ့သည်။

အမေရိကန်အစိုးရစီးပွားရေးဝန်ကြီးဌာန၏ စက်မှုလုပ်ငန်းနှင့်လုံခြုံမှုဗျူရို(BIS) ကဟွာဝေးနှင့်ဆက်စပ် အဖွဲ့အစည်းများသို့ အမေရိကန်နည်းပညာများအားရောင်းချခြင်း(သို့မဟုတ်)လွှဲပြောင်းပေးခြင်းများကို တားမြစ်ပိတ်ပင်ကြောင်း မေလ ၁၅ ရက်ကကြေညာခဲ့သည်။

အဆိုပါပိတ်ပင်မှုကဟွာဝေးကုမ္ပဏီ၏နည်းပညာနိမ့်သော ထုတ်လုပ်မှုများအပေါ်တွင်သာသက်ရောက် မှုရှိနိုင်ကြောင်းဖြင့်လည်းမစ္စတာရိမ်ကျိန့်ဖေးကပြောကြားခဲ့သည်။ထို့ပြင်မစ္စတာရိမ်ကျိန့်ဖေး ကဟွာဝေး ကုမ္ပဏီကနည်းပညာပိုင်းတွင်ဦးဆောင်လျက်ရှိသောအနေအထားကြောင့်မည်သည့်တင်းကျပ်ချုပ်ချယ် မှုကိုမှလည်းခံရလိမ့်မည်မဟုတ်ကြောင်း သတင်းထောက်များကိုပြောခဲ့သည်။

၎င်းက ဟွာဝေးကုမ္ပဏီ အနေနှင့် လူသားမျိုးနွယ်တစ်ရပ်လုံး အကျိုးရှိစေရန် လည်း ရည်ရွယ်ကြောင်း၊ ဟွာဝေး၏ 5G နည်းပညာထုတ်လုပ်မှုကိရိယာ များက ကမ္ဘာလုံးဆိုင်ရာ တယ်လီကွန်းကွန်ရက် တည်

ဆောက် ရာတွင်ကုန်ကျစရိတ်ကြီးမားစွာသက်သာစေမည်ဟုလည်း ပြောခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.