နိုင်ရိုဘီ ၊ စက်တင်ဘာ ၇ ရက် (ဆင်ဟွာ) ကင်ညာ နိုင်ငံ မြို့တော် နိုင်ရိုဘီ ရှိ အဝေးပြေးလမ်း တစ်ခုတွင် စက်တင်ဘာ ၆ ရက်နေ့၌ ကား ၅ စင်း ဆင့်တိုက်မှု ဖြစ်ပွား ခဲ့ရာ အနည်းဆုံး လူပေါင်း ၇ ဦး...
မနီလာ၊ စက်တင်ဘာ ၆ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ရှိ လမ်းတစ်ခုပေါ်တွင် စက်တင်ဘာလ ၆ ရက်က မတော်တဆဖြစ်မှုကြောင့် အနည်းဆုံး လူ ၅ ဦး သေဆုံးပြီး အခြားသူ ၁၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ထရီပိုလီ၊ စက်တင်ဘာ ၆ ရက် (ဆင်ဟွာ) လစ်ဗျား အရှေ့တောင်ပိုင်းရှိ ကန္တာရတွင် တရားမဝင် ရွှေ့ပြောင်းရောက်ရှိလာသူ ၁၆ ဦး၏ ရုပ်အလောင်းများအား စစ်တပ်က ကင်းလှည့်နေစဉ် တွေ့ရှိခဲ့ရကြောင်း လစ်ဗျား အရှေ့ဘက် အခြေစိုက် စစ်တပ် ပြောခွင့်ရပုဂ္ဂိုလ် အာမတ် မစ်မာရီက စက်တင်ဘာလ ၅ ရက်က...
ကဘူးလ် ၊ စက်တင်ဘာ ၆ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ အရှေ့နန်ဂါဟာ(Nangarhar) ပြည်နယ်ရှိ စစ်သွေးကြွများ ထိန်းချုပ်ထားရာနေရာကို ယနေ့(စက်တင်ဘာလ ၆ ရက်)တွင် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ အိုင်အက်စ်အကြမ်းဖက်အဖွဲ့အား သစ္စာခံထားသည့် စစ်သွေးကြွ ၁၁ ဦးသေဆုံးသွားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ဆိုသည်။
ရာဘက်၊ စက်တင်ဘာ ၆ ရက် (ဆင်ဟွာ) အီရတ်နိုင်ငံ နှင့် ဆီးရီးယားနိုင်ငံ တွင် ပဋိပက္ခများဖြစ်ပွားခဲ့စဉ်ကတည်းက အရှေ့အလယ်ပိုင်းဒေသရှိ အကြမ်းဖက်အုပ်စုများအတွင်းသို့ ဝင်ရောက်လာသည့် မော်ရိုကိုနိုင်ငံသား အကြမ်းဖက်သမား ၁,၆၆၄ဦး ရှိခဲ့ကြောင်း ပြည်တွင်းမီဒီယာက စက်တင်ဘာ ၅ ရက်တွင်ဖော်ပြခဲ့သည်။
အစ္စတန်ဘူလ်၊ စက်တင်ဘာ ၆ ရက် (ဆင်ဟွာ) တူရကီနိုင်ငံတစ်ဝန်း အစ်ပွဲတော်ကာလ ၁၀ရက်တာ အမျိုးသားပိတ်ရက်အတွင်း ယာဉ်မတော်တဆမှုများ ကြောင့် စုစုပေါင်း လူ ၁၂၂ဦး သေဆုံးခဲ့ကြောင်း တူရကီပြည်ထဲရေးဝန်ကြီးဋ္ဌာနက စက်တင်ဘာ ၅ ရက်တွင် ပြောကြားခဲ့သည်။
နယူးဒေလီ၊ စက်တင်ဘာ ၃ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နာရန္ဒြာမိုဒီ က တရုတ်နိုင်ငံ ရှမိန်မြို့တွင် စက်တင်ဘာ ၃ မှ ၅ရက်အထိကျင်းပမည့် BRICS ထိပ်သီးအစည်းအဝေး ၌ အကျိုးဖြစ်ထွန်းမှုရှိသော အပြုသဘောဆောင်သည့် ဆွေးနွေးမှုများ ပြုလုပ်နိုင်မည်ဟု မျှော်လင့်ပါကြောင်း စက်တင်ဘာ ၂ ရက်က...
နယူးဒေလီ၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ စီးပွားရေးမြို့တော် မွမ်ဘိုင်းရှိ နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းရှိသော အဆောက်အဦ တစ်ခုပြိုကျခဲ့ရာ အပျက်အစီးများအကြားမှ ရှာဖွေတွေ့ရှိခဲ့သည့် သေဆုံးသူ အရေအတွက်မှာ စက်တင်ဘာလ ၁ ရက်တွင် ၃၂ ဦးအထိ ရှိပြီ ဖြစ်ကြောင်း သိရသည်။
မော်စကို ၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ) ရုရှား နိုင်ငံ သမ္မတ ပူတင် က ကိုရီးယား ကျွန်းဆွယ်အရေး အဖြေရှာ ရာတွင် တွေ့ဆုံဆွေးနွေးမှု များ ဆောင်ရွက်ခြင်းဖြင့် ဖြေရှင်းသင့်ပြီး ဖိအားပေးမှု များပြုလုပ်ခြင်းဖြင့် မဖြေရှင်းသင့်ကြောင်း စက်တင်ဘာ ၁ ရက်နေ့၌ ပြောကြားခဲ့သည်။
နယူးဒေလီ ၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ) အိန္ဒိယ နိုင်ငံ အာကာသ သုတေသန အဖွဲ့အစည်း အတွက် အိန္ဒိယ နိုင်ငံ အရပ်ဘက် ဌာန တစ်ခု က ပထမ ဦးဆုံး အကြိမ် တည်ဆောက်ပေးခဲ့သည့် GPS ဂြိုလ်တု IRNSS-1H ကို...