Connect with us

Europe

တူရကီနိုင်ငံ သမ္မတ က ရုရှား နိုင်ငံ ထံမှ S-400 လေကြောင်းရန် ကာကွယ်ရေး စနစ်ဝယ်ယူမည် မှာ သေချာကြောင်း ပြောကြား

ရုရှား နိုင်ငံ မှ ထုတ်လုပ်သည့် S-400 လေကြောင်းကာကွယ်ရေး စနစ် အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

အန်ကာရာ ၊ မေ ၂၀ ရက် (ဆင်ဟွာ)

တူရကီနိုင်ငံ သမ္မတ ရီဆပ် တေရစ် အာဒိုဂန် (Recep Tayyip Erdogan) က ရုရှား နိုင်ငံ ထံမှ S-400 လေကြောင်းရန် ကာကွယ်ရေး စနစ်ဝယ်ယူမည် မှာ သေချာကြောင်း နှင့် အနာဂတ် တွင် အတူတကွ S-500 လေကြောင်းရန် ကာကွယ်ရေး စနစ် ထုတ်လုပ်သွားရန် ညှိနှိုင်းဆောင်ရွက်မှု ပြုလုပ်နေကြောင်း မေလ ၁၈ ရက် ညပိုင်း အချိန် ၌ ပြောကြား ခဲ့သည်။

တူရကီနိုင်ငံ သမ္မတ က ရုရှား နိုင်ငံ ထံမှ S-400 လေကြောင်းရန် ကာကွယ်ရေး စနစ်ဝယ်ယူမည် မှာ သေချာပြီး ယခုနှစ် ဇူလိုင်လ သို့မဟုတ် ယင်းအချိန် ထက် ပိုမိုစော၍ လက်ခံရရှိနိုင်မည် ဖြစ်ကြောင်း ၊ အမေရိကန် နိုင်ငံ က လက်ရှိချိန်တွင် F-35 တိုက်လေယာဉ် လွှဲပြောင်းပေးအပ်ခြင်း အား ရွှေ့ဆိုင်း ခဲ့သော်လည်း တူရကီ နိုင်ငံ က တစ်ချိန်ချိန် တွင် တိုက်လေယာဉ် အား ရရှိနိုင်မည် ဟု ပြောကြား ခဲ့ကြောင်း တူရကီ နိုင်ငံ သတင်းမီဒီယာများ ၏ ဖော်ပြချက်အရ သိရှိရသည်။

အမေရိကန် နိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန က ဧပြီလ ၁ ရက် ၌ တူရကီ နိုင်ငံ အား F-35 တိုက်လေယာဉ် အစိတ်အပိုင်း ထောက်ပံ့ခြင်း အား ရပ်ဆိုင်းကြောင်း နှင့် တူရကီ နိုင်ငံ က S-400 ဝယ်ယူပါက တူရကီ နိုင်ငံ အား F-35 ထုတ်လုပ်ရေး စီမံကိန်း မှ ထုတ်ပယ်မည် ဖြစ်ကြောင်း ထုတ်ပြန် ကြေညာ ခဲ့သည်။

၂၀၁၇ ခုနှစ် ဒီဇင်ဘာလ တွင် တူရကီ နိုင်ငံ နှင့် ရုရှား နိုင်ငံ တို့ သည် S-400 ဝယ်ယူမှု ဆိုင်ရာ သဘောတူညီချက် စာချုပ် ရေးထိုးခဲ့ပြီး ၂၀၁၉ ခုနှစ် တွင် စတင်၍ လက်ခံ အသုံးပြုသွားရန် စီစဉ် ခဲ့ကြသည်။ ယင်းဆောင်ရွက်မှု က အမေရိကန် နှင့် နေတိုး မဟာမိတ် တို့၏ ကန့်ကွက်မှု နှင့် စိုးရိမ်မှု တို့ကို ဖြစ်ပေါ်စေခဲ့ကြောင်း ၊ S-400 အနေဖြင့် အမေရိကန် နှင့် နေတိုး တပ်ဖွဲ့ တို့ ၏ F-35 တိုက်လေယာဉ် အား ခြေရာခံ နိုင်ဖွယ်ရှိပြီး အကယ်၍ S-400 အား ပစ်လွှတ်မည် ဆိုပါက လေယာဉ် အနေဖြင့် ရှောင်လွှဲ နိုင်ဖွယ် ရှိမရှိ မသေချာကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.