ကူဝိတ်စီးတီး ၊ သြဂုတ် ၃၀ ရက်(ဆင်ဟွာ) အာရေဗျကျွန်းဆွယ် အယ်လ်ကိုင်ဒါးလက်နက်ကိုင်များ က ယီမင်နိုင်ငံ တောင်ပိုင်း Abyan ပြည်နယ်ရှိ စစ်တပ်စစ်ဆေးရေးဂိတ်တစ်ခုကို သြဂုတ်လ ၂၈ ရက် ညပိုင်းက ဝင်ရောက်စီးနင်းခဲ့ရာ အစိုးရတပ်ဖွဲ့ဝင် အနည်းဆုံး ၅ ဦး သေဆုံးခဲ့ကြောင်း ယီမင်အစိုးရအရာရှိက သြဂုတ် ၂၉...
ဝါရှင်တန်၊ သြဂုတ် ၃၀ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် အော်လန်ဒိုမြို့ ဝေ့ါဒစ္စနေအပန်းဖြေကမ္ဘာ အနီးရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် သြဂုတ် ၂၉ ရက် နံနက်အစောပိုင်းတွင် ငြမ်းပြိုကျမှုဖြစ်ပွားခဲ့ရာ ဆောက်လုပ်ရေးအလုပ်သမား ၂ဦး ၇ထပ်တိုက်ပေါ်မှ ပြုတ်ကျသေဆုံးခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။
ကိုင်ရို ၊ သြဂုတ် ၃၀ ရက်(ဆင်ဟွာ) လွန်ခဲ့သောရက်များက ပြုလုပ်သည့် အကြမ်းဖက် ဆန့်ကျင်ရေးလှုပ်ရှားတွင် အနောက်သဲကန္တာရ ဒေသ နှင့် ဆိုင်းနိုင်း(Sinai) ကျွန်းဆွယ် မြောက်ပိုင်းဒေသများရှိ အကြမ်းဖက်သမား ၂၀ အား ပစ်ခတ် ရှင်းလင်းနိုင်ခဲ့ ကြောင်း အီဂျစ်အစိုးရတပ်က သြဂုတ် ၂၉ ရက်တွင် ပြောကြားခဲ့သည်။
ဝါရှင်တန်၊ သြဂုတ် ၃၀ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံရှိ တောင်ထူထပ်သော ဗားမောင့်ပြည်နယ်တွင် လူ ၃ ဦး လိုက်ပါလာသော ဂလိုက်ဒါ (Glider) တစ်စင်း သြဂုတ်လ ၂၉ ရက်က ပျက်ကျခဲ့ကြောင်း ဒေသခံမီဒီယာက သတင်ဖော်ပြခဲ့သည်။
ဘန်ကောက်၊ သြဂုတ် ၃၀ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ တောင်ပိုင်း Songkla မြို့ ၌် သြဂုတ် ၂၉ ရက်တွင် ထိုင်းရဲတပ်ဖွဲ့က ဆေးခြောက် ၄၀၀ကီလိုဂရမ်ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဘန်ကောက်၊ သြဂုတ် ၂၉ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပရာယွတ် ချန်-အို-ချာသည် နိုင်ငံရေးကန့်သတ်မှုအချို့ကို ဖြေလျှော့ရန် ကြားဖြတ် အခြေခံဥပဒေ၏ ပုဒ်မ ၄၄ အရ ၎င်း၏ ဆုံးဖြတ်ခွင့်အာဏာကို အသုံးပြုမည်ဖြစ်ကြောင်း သြဂုတ်လ ၂၈ ရက်က ပြောကြားခဲ့သည်။
ဘန်ကောက်၊ သြဂုတ် ၂၉ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံရှိ အများပြည်သူဆိုင်ရာ ကမ်းခြေများအားလုံးတွင် အမှိုက်စွန့်ပစ်မှု လျှော့ချသည်သာမက ခရီးသွားဧည့်သည်များ၏ ကျန်းမာရေးကို ကာကွယ်သည့်အနေဖြင့် ဆေးလိပ်သောက်ခြင်းကိုလည်း တားမြစ်လိုက်ကြောင်း အစိုးရ အဆင့်မြင့်အရာရှိတစ်ဦးက သြဂုတ်လ ၂၈ ရက်တွင် ပြောကြားလိုက်သည်။
ဗယ်လက်တာ ၊ သြဂုတ် ၂၉ ရက်(ဆင်ဟွာ) ချက်နိုင်ငံအနေဖြင့် ဥရောပသမဂ္ဂ၏ရွှေ့ပြောင်းနေထိုင်သူများအရေးကိစ္စအား တာဝန်ခွဲယူရမည် ဟူသော ဆောင်ရွက်ချက်ကို လက်ခံမည်မဟုတ်ဟု မော်လ်တာသမ္မတနိုင်ငံသို့ အလည်အပတ် ခရီးစဉ် ရောက်ရှိနေသည့် ချက်နိုင်ငံ ဝန်ကြီးချုပ် Andrej Babiš က သြဂုတ် ၂၈ ရက်တွင် ပြောကြား ခဲ့သည်။
ဒပ်ဘလင်၊ သြဂုတ် ၂၉ ရက် (ဆင်ဟွာ) အိုင်ယာလန်နိုင်ငံ သမ္မတ ရွေးကောက်ပွဲအား အောက်တိုဘာလ ၂၆ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း အစိုးရအဆင့်မြင့် အရာရှိတစ်ဦးက သြဂုတ်လ ၂၈ ရက်တွင် ပြောကြားလိုက်သည်။
အေသင်၊ သြဂုတ် ၂၉ ရက် (ဆင်ဟွာ) ဂရိနိုင်ငံဝန်ကြီးချုပ် အဲလက်စီ စီးပရက်စ် (Alexis Tsipras) က အစိုးရအဖွဲ့ အပြောင်းအလဲ လုပ်ဆောင်ခဲ့ကြောင်း အစိုးရပြောခွင့်ရပုဂ္ဂိုလ် Dimitris Tzanakopoulos က ဂရိ အမျိုးသားအသံလွှင့်ဌာန ERT ရုပ်သံထုတ်ပြန်ချက်တွင် သြဂုတ်လ ၂၈ ရက်က ကြေညာခဲ့သည်။