Connect with us

Asia

ကဆုန်လပြည့် ဗုဒ္ဓနေ့တွင် သီရိလင်္ကာနိုင်ငံ၌ အကျဉ်းသား ၇၅ဝ ကျော်လွတ်ငြိမ်းချမ်းသာခွင့်ပြု

သီရိလင်္ကာနိုင်ငံသမ္မတက အကျဉ်းသားတစ်ဦးအား လွတ်ငြိမ်းချမ်းသားခွင့် အမိန့် ပြန်တမ်းစာ ပေးအပ်နေစဉ်(ဓာတ်ပုံ-အင်တာနက်)

ကိုလံဘို ၊ မေ၁၉ ရက်(ဆင်ဟွာ)

ကဆုန်လပြည့် ဗုဒ္ဓနေ့(မေ ၁၈ ရက်) တွင် သီရိလင်္ကာနိုင်ငံတစ်ဝန်းလုံးရှိ အကျဉ်းထောင်အသီးသီးမှ အကျဉ်းသား ၇၅ဝ ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ကြောင်း ဒေသမီဒီယာက ဖော်ပြခဲ့သည်။

သီရိလင်္ကာနိုင်ငံအကျဉ်းဦးစီးဌာနပြောရေးဆိုခွင့်ရှိသူတစ်ဦးက သမ္မတလွတ်ငြိမ်းချမ်းသာခွင့်အခမ်အနားတစ်ခုကို ကိုလံဘိုမြို့တော်ရှိ Welikada အကျဉ်းထောင်၌ ကျင်းပခဲ့ကြောင်း ၊ အဆိုပါ သမ္မတလွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဖြင့် အမျိုးသားအကျဉ်းသား ၇၃၆ ဦး နှင့် အမျိုးသမီးအကျဉ်းသား ၂၈ ဦးကို ဗုဒ္ဓနေ့တွင် လွှတ်ပေးခဲ့ကြောင်း ဆိုသည်။

အကျဉ်းသားလွှတ်ပေးခြင်းကို သီရိလင်္ကာနိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင် ၅ ခုတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။ လွတ်မြောက်သွားသူများမှာ အသေးစားပြစ်မှုများ ကျူးလွန်ထားသူများဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

ဗုဒ္ဓနေ့အခမ်းအနားသည် သီရိလင်္ကာနိုင်ငံ၌ ကျင်းပပြုလုပ်သည့် ဘာသာရေးပွဲတော်နေ့များ အနက် အထင်ကရနေ့တစ်နေ့ဖြစ်ပြီး ယင်းနေ့တွင် ဗုဒ္ဓဘုရားရှင်ဖွားတော်မူခြင်း နှင့် သဗ္ဗေညုတဉာဏ်အလင်းရတော်မူပြီး ဘုရားအဖြစ်သို့ရောက်ရှိတော်မူခြင်း ဟူသည့် နေ့ထူးနေ့မြတ်ကြီးဖြစ်ကြောင်း သိရသည်။(Xinhua)