မက်ဒရစ် ၊ နိုဝင်ဘာ ၂၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် နှင့် အစဉ်အလာချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာစေရန် သုံးရက်ကြာ နိုင်ငံတော်အလည်အပတ်ခရီးစဉ်အဖြစ် နိုဝင်ဘာ ၂၇ ရက်တွင် စပိန်နိုင်ငံသို့ရောက်ရှိလာခဲ့သည်။
လော့စ်အိန်ဂျလိစ်၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ) နာဆာ၏ InSight အာကာသယာဉ်သည် အင်္ဂါဂြိုဟ်ပေါ်သို့ နိုဝင်ဘာ ၂၆ ရက်တွင် ဘေးကင်းစွာ ဆင်းသက်နိုင်ခဲ့ပြီး အင်္ဂါဂြိုဟ်၏ အတွင်းပိုင်းနေရာများသို့ စူးစမ်းလေ့လာရန် ၂နှစ်တာ တာဝန်ကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
ဆစ်ဒနီ၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ) သြစတြေးလျနိုင်ငံ ဆစ်ဒနီလေဆိပ်၌ ဆန်ဖရန်စစ္စကိုမြို့မှ လိုက်ပါလာသော အမေရိကန်အမျိုးသမီးတစ်ဦး အား ကလေးကစားစရာများအတွက် ဝှက်၍ သယ်ဆောင်လာသော မူးယစ်ဆေးဝါး ၁၃ကီလိုဂရမ် နှင့် အတူ ဖမ်းဆီးရမိပြီးနောက် သြစတြေးလျအာဏာပိုင်များက ရာဇဝတ်မှုတစ်ချို့ဖြစ်ပေါ်လာနိုင်ကြောင်း အများပြည်သူထံ နိုဝင်ဘာ ၂၇ ရက်က သတိပေးပြောကြားခဲ့သည်။
တိုကျို၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ တောင်ပိုင်း အီဘာရာကီစီရင်စု တွင် အင်အား ၅.၀ ပမာဏ ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသဌာန က နိုဝင်ဘာ ၂၇ ရက် တွင်ပြောကြားခဲ့သည်။
တီဟီရန်၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ) အီရန်နိုင်ငံ အနောက်ပိုင်း Kermanshah ပြည်နယ် ရှိ Sarpol-e Zahab မြို့ တွင် နိုဝင်ဘာ ၂၅ရက်က လှုပ်ခတ်ခဲ့သော အင်အား ၆.၄ပမာဏရှိ ငလျင်ကြောင့် အနည်းဆုံး လူ ၇၂၉ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Mehr သတင်းဌာန...
နယူးယောက် ၊ နိုဝင်ဘာ ၂၇ ရက်(ဆင်ဟွာ) နယူူးယောက်မြို့ရှိ တရုတ်တန်းတွင် နိုဝင်ဘာ ၂၆ ရက် ညနေပိုင်းက လမ်းသွားလမ်းလာများအား ကားတစ်စီးက ဝင်တိုက်ခဲ့ရာ လူ ၁ ဦးသေဆုံးပြီး အခြား ၆ ဦးထိခိုက်ဒဏ်ရာရသွားကြောင်း သိရသည်။
ABOARD XUELONG ၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ သုတေသန ရေခဲခွင်းသင်္ဘော Xuelong သည် ဆိုင်ကလုန်းမုန်တိုင်းဒဏ် ရှောင်ရှားရန် တောင်သမုဒ္ဒရာအတွင်းရှိ ပေါလောမျောနေသည့် ရေခဲပြင်အတွင်းသို့ ထိုးဖောက်ဝင်ရောက်သွားခဲ့ကြောင်း သိရသည်။
မိုဂါဒစ်ရှူး၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ) ဆိုမာလီနိုင်ငံ အလယ်ပိုင်း Galkayo မြို့တွင် နိုဝင်ဘာလ ၂၆ ရက် အစောပိုင်းက အယ်လ်-ရှာဘတ် စစ်သွေးကြွများ၏ လက်ချက်ဟု သံသယရှိထားသော ကားဗုံးပေါက်ကွဲမှုတစ်ခုနှင့် ဘာသာရေးခေါင်းဆောင်တစ်ဦး၏ နေအိမ်အား တိုက်ခိုက်မှုဖြစ်ပွားမှုများကြောင့် လူ ၁၀ ဦးထက်မနည်း သေဆုံးကာ အခြားလူပေါင်းများစွာ...
ဘရပ်ဆဲလ်၊ နိုဝင်ဘာ ၂၆ ရက်(ဆင်ဟွာ) ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံ ခေါင်းဆောင်များက ဗြိတိန်ခွဲထွက်ရေးဆိုင်ရာ သဘောတူညီချက်ကို နိုဝင်ဘာ ၂၅ ရက်တွင် ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့၌ ကျင်းပသည့် ဥရောပသမဂ္ဂအထူးထိပ်သီး အစည်းအဝေးတွင် သဘောတူအတည်ပြုခဲ့ကြောင်း သိရသည်။ ၎င်းမှာ ဗြိတိန် ဥရောပသမဂ္ဂမှ နုတ်ထွက်ရန် ညှိနှိုင်းနေသည့် တစ် နှစ်ကျော်...
လော့စ်အိန်းဂျလိစ် ၊ နိုဝင်ဘာ ၂၆ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံတွင် ခိုလှုံခွင့်ရရန် မက္ကဆီကို-အမေရိကန်နှစ်နိုင်ငံနယ်စပ်အနီးရောက်ရှိနေသည့် ထောင်ပေါင်းများစွာသော ရွှေ့ပြောင်းနေထိုင်သူများက ဆန္ဒပြမှုဖြစ်ပွားပြီးနောက် အမေရိကန်နိုင်ငံ ဆန်ဒီယေဂို ၊ ကယ်လီဖိုးနီးယား နှင့် မက္ကဆီကိုနိုင်ငံ Tijuana တို့ဆက်သွယ်ထားသည့် လူဝင်လူထွက် များပြားသော နှစ်နိုင်ငံနယ်စပ်ဝင်ပေါက်ဂိတ်များကို အမေရိကန်နိုင်ငံ၏ နယ်စပ်ကင်းလှည့်တပ်ဖွဲ့က နိုဝင်ဘာ ၂၅...