Connect with us

Asia

ဖန်နီမုန်တိုင်းကြောင့် ကောက်ပဲသီးနှံများစွာ ပျက်စီးဆုံးရှုံး

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဖန်နီ (Fani) ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်မှုကြောင့် ရေဖုံးလွှမ်းနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ဒါကာ၊ မေ ၈ ရက် (ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ဖန်နီ (Fani) ဆိုင်ကလုန်းမုန်တိုင်းကြောင့် ပျက်စီးသွားသည့် ကောက်ပဲသီးနှံတန်ဖိုးမှာ တာကာငွေ သန်း ၃၈၀ (အမေရိကန်ဒေါ်လာ ၄.၅ သန်း) ခန့်ရှိကြောင်း ဘင်္ဂလားဒေ့ရှ်အစိုးရက ထုတ်ပြန်ခဲ့သည်။

မြေယာ ၆၃,၀၆၃ ဟက်တာခန့်ရှိ ကောက်ပဲသီးနှံများ ပျက်စီးသွားခဲ့သည်ဟု ကနဦးတွက်ချက်မှုများအရ ဖော်ပြထားကြောင်း စိုက်ပျိုးရေးဝန်ကြီး အဗ္ဗဒါ ရာဇက် (Abdur Razzak) က မေလ ၇ ရက်တွင် ပြောကြားလိုက်သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ မေလ ၄ ရက်က ဝင်ရောက်ခဲ့သည့် အင်အားအလွန်ပြင်းထန်သော ဆိုင်ကလုန်းမုန်တိုင်း ဖန်နီကြောင့် စပါး၊ ပြောင်း၊ ဟင်းသီးဟင်းရွက်နှင့် ဂုန်လျှော် အပါအဝင် ကောက်ပဲသီးနှံများ ပျက်စီးသွားခဲ့ပြီး ခရိုင် ၃၅ ခုရှိ လယ်သမား ၁၃,၆၃၁ ဦးအပေါ် သက်ရောက်မှုရှိခဲ့ကြောင်း ဝန်ကြီးဌာနရုံးတွင် သတင်းထောက်များအား ရာဇက်က ပြောခဲ့သည်။

ဝန်ကြီးဌာနအနေဖြင့် ပြန်လည်ထူထောင်ရေး အစီအစဉ်အောက်တွင် မျိုးစေ့များ၊ မြေသြဇာများနှင့် ငွေကြေးများ ထောက်ပံ့လျက်ရှိကြောင်း ဝန်ကြီးက ပြောခဲ့သည်။

ဖန်နီဆိုင်ကလုန်းမုန်တိုင်းသည် နိုင်ငံတောင်ပိုင်းဒေသသို့ မေလ ၄ ရက်က ဝင်ရောက်ပြီးနောက် ဘင်္ဂလားဒေ့ရှ်၏ ကမ်းရိုးတန်းဒေသ၌ တိုက်ရောက်ခဲ့ရာ အနည်းဆုံး လူ ၆ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ဖန်နီမုန်တိုင်းကြောင့် နေအိမ်များ ပျက်စီးခြင်း၊ သစ်ပင်များ အမြစ်မှကျွတ်ထွက်ခြင်း၊ လျှပ်စစ်ဓာတ်အားနှင့် ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်ခြင်း၊ ရထားလမ်း၊ လမ်းနှင့် လေကြောင်း သွားလာရေးများ နှောင့်နှေးခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117