Connect with us

Asia

သီရိလင်္ကာ နိုင်ငံသို့ ဧပြီလ အတွင်း ခရီးသည် ၁၆၆,၉၀၀ ကျော် ဝင်ရောက်

သီရိလင်္ကာ နိုင်ငံ၌ ပြုလုပ်ခဲ့သော ပြပွဲ တစ်ခုတွင် လာရောက် လည်ပတ်သူများအား တွေ့ ရစဉ်(ဆင်ဟွာ)

ကိုလံဘို ၊ မေ ၈ ရက်(ဆင်ဟွာ)

သီရိလင်္ကာ နိုင်ငံသို့ဧပြီလ အတွင်း ကမ္ဘာလှည့် ခရီးသည် ၁၆၆,၉၀၀ ကျော် ဝင်ရောက်ခဲ့ကြောင်း ၊ ပြီးခဲ့သော အီစတာ ပွဲတော်နေ့တွင် ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုများကြောင့် ကမ္ဘာလှည့် ခရီးသည်များက ခရီးစဉ်ပေါင်း များစွာကို ဖျက်သိမ်းခဲ့သဖြင့် နိုင်ငံ အတွင်း ခရီးသည် ဝင်ရောက်မှုသည် ယခင်နှစ် အလားတူ ကာလ နှင့် နှိုင်းယှဉ်ပါက ၇.၅ ရာခိုင်နှုန်း ကျဆင်း သွားခဲ့ကြောင်း သီရိလင်္ကာ ခရီးသွား လုပ်ငန်း မြှင့်တင်ရေး အာဏာပိုင်အဖွဲ့(SLTDA) က တရားဝင် ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။

ဗြိတိန် ၊ အိန္ဒိယ ၊ ဂျာမနီ ၊ တရုတ် နှင့် သြစတေးလျ နိုင်ငံများမှ ခရီးသည်များသည် သီရိလင်္ကာ နိုင်ငံသို့ အများဆုံး ဝင်ရောက်လျက် ရှိကြောင်း သိရသည်။

ယခုနှစ် နှစ်ဆန်းပိုင်းမှ ဧပြီလ အထိ သီရိလင်္ကာ နိုင်ငံသို့ကမ္ဘာလှည့် ခရီးသည် ၉၀၀,၀၀၀ ကျော် ဝင်ရောက် လည်ပတ် ခဲ့ရာ ယခင်နှစ် ပထမ လေးလတာ ကာလ နှင့် နှိုင်းယှဉ်ပါက ၂.၂ ရာခိုင်နှုန်း မြှင့်တက် လာခဲ့ကြောင်း သိရသည်။

ပြီးခဲ့သော ဧပြီ ၂၁ ရက် အီစတာ ပွဲတော် ကာလ အတွင်း သီရိလင်္ကာ နိုင်ငံ၌ လူပေါင်း ၂၅၀ ကျော် သေဆုံးပြီး ၅၀၀ ကျော် ထိခိုက် ဒဏ်ရာ ရခဲ့သည့် ဇိမ်ခံ ဟိုတယ် အချို့နှင့် ခရစ်ယာန် ဘုရား ရှိခိုးကျောင်း အချို့အကြမ်းဖက် တိုက်ခိုက် ခံရပြီး နောက်တွင် နိုင်ငံ၏ ခရီးသွား လုပ်ငန်း အပေါ် ဆိုးဆိုးရွားရွား အကျိုးသက်ရောက်မှု ရှိခဲ့သည်။

ထိုသို့အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက် သီရိလင်္ကာ နိုင်ငံရှိ ဟိုတယ်များ၌ တည်းခိုရန် ကြိုတင် စာရင်း ပေးပို့ထားသည့် ဧည့်သည်များ အနက် ၉၀ ရာခိုင်နှုန်းမှာ ၎င်းတို့၏ ခရီးစဉ်ကို ပယ်ဖျက်လိုက်ကြောင်း သိရသည်။

သီရိလင်္ကာ ခရီးသွား လုပ်ငန်း မြှင့်တင်ရေး အာဏာပိုင်အဖွဲ့(SLTDA) ဥက္ကဋ္ဌ Kishu Gomes က ခရီးသွား ဝန်ကြီးဌာန အနေဖြင့် သီရိလင်္ကာ နိုင်ငံသည် လုံခြုံသော နေရာ တစ်ခု ဖြစ်သည်ကို အသိပေး ဖော်ပြရန် ကမ္ဘာလုံး ဆိုင်ရာ ကြီးမားသည့် ခရီးသွား လုပ်ငန်း မြှင့်တင်ရေး အစီအစဉ် တစ်ခုအား လာမည့်လပိုင်းများ အတွင်း ပြုလုပ်သွားမည် ဖြစ်ကြောင်း နှင့် ခရီးသွား လုပ်ငန်းသည် နှစ်လ မှ ၁၃ လ အတွင်း ပြန်လည် ခုန်တက်သွားရန် မျှော်လင့်ကြောင်း မေ ၆ ရက်တွင် ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.