Connect with us

Asia

ဘုရင့်နန်းတက်ပွဲကို ဂုဏ်ပြု၍ ရွှေဝတ်ရုံလွှာဖြင့် ဆင်ဖြူတော်များ ဘန်ကောက်မြို့လယ်၌ လှည့်လည်ချီတက်


ဘန်ကောက် ၊ မေ ၈ ရက်(ဆင်ဟွာ)

ထိုင်းဘုရင်ကြီး၏ နန်းတက်ပွဲကို ဂုဏ်ပြုသောအားဖြင့် မေ ၇ ရက်တွင် ဘန်ကောက်မြို့ရှိ နန်းတော်ပြင်ပ၌ အယုဒ္ဓယပြည်နယ်မှ လှပတင့်တယ်သော အစွယ်ကြီးများဖြင့်ဆင်ကြီး ၁၁ ကောင်က လှည့်လည်ချီတက် အလေးပြုခဲ့ကြောင်း သိရသည်။

ရွှေရောင်ဝတ်ရုံလွှာများကို တူညီစွာဆင်မြန်းထားပြီး ခန္ဓာကိုယ်အား အဖြူရောင်ဆေးခြယ်သထားသော ဆင်ဖြူတော်ကြီးများသည် Sanam Chai လမ်းမပေါ်တွင်တည်ရှိသော ထိုင်းအပျော်တမ်းတပ်ဖွဲ့ စစ်တိုင်းဌာနချုပ်မှ နန်းတော်ရှေ့နေရာအထိ တစ်ကီလိုမီတာအကွာအဝေးကို မေ ၇ ရက် နံနက်ပိုင်းတွင် စီတန်းချီတက်ခဲ့ခြင်းဖြစ်သည်။

ထိုင်းဘုရင်နန်းတက်ပွဲတွင် ဆင်ဖြူတော်များဖြင့် လှည့်လည်ပူဇော်ကန်တော့စဉ်(ဆင်ဟွာ)

ဆင်ထီးကြီး ပလိုင်စီယမ်“ Plai Siam” သည် တော်ဝင်အမှတ်တံဆိပ်တော်အား တင်ဆောင်ပြီး အခြားဆင် ၁ဝ ကောင်ကို ဦးဆောင်ကာ ဗုံသံများဖြင့် စည်းချက်ညီညီ ချီတက်ခဲ့ကြောင်း သိရသည်။ ဆင်ဖြူတော်များ နှင့် ပါဝင်ချီတက်သော ဂုဏ်ပြုတပ်ဖွဲ့သည် ဘုရင့်ပုံတော်ရှေ့တွင် ဒူးထောက်ခစား အရိုအသေပေးခဲ့ပြီး ဆင်ဦးစီးများက ထိုင်းနိုင်ငံတော်သီချင်းကို သီဆိုကာ ဘုရင်သစ်အား သစ္စာခံကြောင်း ဖော်ပြခဲ့သည်။

ထိုင်းဘုရင်နန်းတက်ပွဲတွင် ဆင်ဖြူတော်များဖြင့် လှည့်လည်ပူဇော်ကန်တော့စဉ်(ဆင်ဟွာ)

အယုဒ္ဓယဆင်စခန်း နှင့် တော်ဝင်ဆင်ကျုံး နှင့် နိုင်ငံအနှံ့ မှဆင်ဦးစီးများသည် ဆင် ၁၁ ကောင်ကို အယုဒ္ဓယ မှထရပ်ကားများဖြင့် ပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်။ ထိုင်းအပျော်တမ်းတပ်ဖွဲ့စစ်တိုင်းဌာနချုပ်သို့ သို့ဆိုက်ရောက်ချိန်တွင် ဆင်များအား စီတန်းလှည့်လည်မှုမစတင်မီဝတ်ရုံများ အဆင်တန်ဆာများကို ဆင်မြန်းပေးခဲ့ကြောင်း ၊ ဆင်ဦးစီးများ၏ ထိန်းကျောင်းမှုဖြင့် ကပြဖျော်ဖြေမှုတစ်ရပ်လည်းပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုင်းဘုရင်နန်းတက်ပွဲတွင် ဆင်ဖြူတော်များဖြင့် လှည့်လည်ပူဇော်ကန်တော့စဉ်(ဆင်ဟွာ)

ထိုင်းဘုရင်နန်းတက်ပွဲတွင် ဆင်ဖြူတော်များဖြင့် လှည့်လည်ပူဇော်ကန်တော့စဉ်(ဆင်ဟွာ)

ထိုင်းဘုရင် မဟာဗာဂျီရာလောင်ကွန်းသည် ၂ဝ၁၆ ခုနှစ်တွင် ၎င်း၏ ဖခမည်းတော် နတ်ရွာစံပြီးနောက် ထိုင်းရာမဘုရင် ၁ဝ အဖြစ် ထီးနန်းဆက်ခံခဲ့ခြင်းဖြစ်သည်။ ၎င်း၏နန်းတက်ပွဲကို မေ ၄ ရက် မှ ၆ ရက်အထိ ထိုင်းရိုးရာအစဉ်အလာအတိုင်း စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ရာ ယခုအခါလုံးဝပြီးဆုံးခြင်းဖြစ်ကြောင်း သိရသည်။(Xinhua)