မက္ကဆီကိုစီးတီး ၊ သြဂုတ် ၂၈ ရက် (ဆင်ဟွာ) မက္ကဆီကို နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန က သြဂုတ်လ ၂၇ ရက်နေ့၌ ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် မက္ကဆီကို နိုင်ငံ အနေဖြင့် အမေရိကန် နိုင်ငံ ၏ နယ်စပ် တံတိုင်းတည်ဆောက်မှု ကုန်ကျငွေ ကို...
ဒါကာ၊ သြဂုတ် ၂၈ ရက် (ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒါကာမြို့ မြောက်ဘက် ၁၂၂ကီလိုမီတာခန့်အကွာ Mymensingh ခရိုင် ရှိ နေအိမ်တစ်လုံးအား ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းစဉ် ပေါက်ကွဲမှုဖြစ်ပွားရာ စစ်သွေးကြွတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
လန်ဒန်၊ သြဂုတ် ၂၈ ရက် (ဆင်ဟွာ) ဗြိတိန်နိုင်ငံ တောင်ပိုင်း ကျန်းမာရေးတာဝန်ရှိသူများက ဗြိတိန်နိုင်ငံ တောင်ပိုင်း ကမ်းရိုးတန်းတစ်လျှောက်တွင် သြဂုတ် ၂၇ ရက် အစောပိုင်းက သံသယဖြစ်ဖွယ် ဓါတ်ငွေ့ယိုစိမ့်မှု တစ်ခုဖြစ်ပွားရာ လူ ၂၃၃ဦးကို ဆေးရုံ၌ ဆေးကုသပေးထားကြောင်း သြဂုတ် ၂၇ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။
လောစ့်အိန်ဂျလိစ် ၊ သြဂုတ် ၂၇ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံသား လက်ဝှေ့အကျော်အမော် မေဝယ်သာ က ကိုယ်ခံပညာပေါင်းစုံ (MMA) ချန်ပီယံ အိုင်ယာလန်နိုင်ငံသား ကော်နာ မက်ဂရီဂေါ် အား အမေရိကန်နိုင်ငံ လတ်စ်ဗီဂတ်စ်မြို့၌ ယနေ့( သြဂုတ်လ ၂၇ ရက်)တွင် ယှဉ်ပြိုင်ထိုးသတ်သည့် ပွဲစဉ်၌ ဆယ်ချီအရောက်တွင် ဒိုင်ပွဲရပ်ဖြင့်...
နယူးဒေလီ၊ သြဂုတ် ၂၇ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အနောက်ပိုင်း Gujarat ပြည်နယ် တွင် သြဂုတ် ၂၇ ရက် က ကုန်တင်ကားတစ်စီး နှင့် ဂျစ်ကားတစ်စီး တိုက်မိရာ အနည်းဆုံး လူ ၁၁ဦးသေဆုံးကြောင်း ပြည်တွင်းသတင်းဋ္ဌာနတစ်ခု ကဖော်ပြခဲ့သည်။
ရီယာ့ဒ်၊ သြဂုတ် ၂၇ ရက် (ဆင်ဟွာ) ဆော်ဒီဦးဆောင်သော မဟာမိတ်တပ်ဖွဲ့က ယီမင်နိုင်ငံ မြို့တော် တွင် အရပ်သား ၁၄ဦးသေဆုံးခဲ့သည့် လေကြောင်းတိုက်ခိုက်မှုအတွက် ၎င်းတို့တွင် တာဝန်ရှိကြောင်း နှင့် ယင်းတိုက်ခိုက်မှုသည် နည်းပညာပိုင်းဆိုင်ရာ မှားယွင်းမှုကြောင့်ဖြစ်ကြောင်း သြဂုတ် ၂၆ရက်က ဝန်ခံခဲ့သည်ကို ဆော်ဒီသတင်းဋ္ဌာနက ဖော်ပြခဲ့သည်။
တိုကျို၊ သြဂုတ် ၂၇ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ ပင်လယ်ရေကြောင်းကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ (MSDF) မှ ရဟတ်ယာဉ်တစ်စီး သည် မြေပြင် နှင့် အဆက်အသွယ် ပြတ်တောက်သွားခဲ့ပြီး ပျက်ကျသွားနိုင်ခြေရှိကြောင်း ဂျပန်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဋ္ဌာနက သြဂုတ် ၂၇ ရက် အစောပိုင်းတွင်ပြောကြားခဲ့သည်။
ခါတုမ်၊ သြဂုတ် ၂၇ ရက် (ဆင်ဟွာ) ဆူဒန်နိုင်ငံသို့ အလည်အပတ် ရောက်ရှိနေသည့် တရုတ်နိုင်ငံ ဒုတိယ ဝန်ကြီးချုပ် ကျန်းကောလိ သည် ဆူဒန်နိုင်ငံ ပထမ ဒုတိယသမ္မတ နှင့် ဝန်ကြီးချုပ် Bakri Hassan Saleh နှင့် သြဂုတ် ၂၅ ရက်တွင် တွေ့ဆုံခဲ့ပြီး...
လန်ဒန်၊ သြဂုတ် ၂၆ ရက် (ဆင်ဟွာ) လန်ဒန်မြို့လယ်ရှိ ဘက်ကင်ဟမ်နန်းတော် အပြင်ဘက်ရှိ ရဲတပ်ဖွဲ့ဝင်အား တိုက်ခိုက် စော်ကားသည်ဟု မသင်္ကာမှုဖြင့် အမျိုးသား တစ်ဦးအား သြဂုတ်လ ၂၅ ရက်က ဖမ်းဆီးခဲ့ကြောင်း မြို့တော် ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ဝါရှင်တန်၊ သြဂုတ် ၂၆ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံတွင် လိင်ပြောင်းထားသူများ စစ်မှုထမ်းခြင်းကို တားမြစ်ရန် ထိရောက်မှု ရှိစေမည့် မှတ်တမ်း တစ်ခုအား သြဂုတ်လ ၂၅ ရက်တွင် သမ္မတ ဒေါ်နယ်ထရမ့်က လက်မှတ်ထိုးလိုက်ကြောင်း သိရသည်။