မော်စကို၊ ဧပြီ ၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက နိုင်ငံများစွာနှင့် ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန်နှင့် နှစ်ဦးနှစ်ဘက် အကျိုးရှိပြီး အကျိုးကျေးဇူး မျှဝေမှုရှိသော ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးဝန်ကျင် တစ်ခု တည်ထောင်ရန် ဆန္ဒရှိကြောင်း တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် အမျိုးသား ကာကွယ်ရေးဝန်ကြီး Wei Fenghe က...
လန်ဒန် ၊ ဧပြီ ၅ ရက်(ဆင်ဟွာ) ဧပြီလ ၂ ရက်နေ့ ညပိုင်းက လန်ဒန်မြို့အတွင်း သေနတ်မှန်ဒဏ်ရာရသည့် အသက် ၁၆ နှစ်အရွယ် လူငယ်လေးတစ်ဦး ၃ ရက်နေ့တွင် သေဆုံးခဲ့သည်ဟု လန်ဒန်ရဲတပ်ဖွဲ့က ဧပြီလ ၄ ရက်နေ့တွင် အတည်ပြု ပြောကြားလိုက်သည်။ ယခုနှစ်အတွင်း လန်ဒန်မြို့၌...
လော့စ်အိန်ဂျလစ် ၊ ဧပြီ ၅ ရက် (ဆင်ဟွာ) အမေရိကန် နိုင်ငံ ရှိ တောင်သူလယ်သမား များ က ဒေါ်နယ်ထရမ့် အစိုးရ ဆောင်ရွက်နေသည့် ကိုယ်ကျိုးစီးပွား ကာကွယ်ရေး မူဝါဒ (Protectionism) အား ဒေါသတကြီး ပြစ်တင်ခဲ့ကြပြီး ယင်းကဲ့သို့သော ညံ့ဖျင်းသည့် ဆောင်ရွက်မှုမျိုး မပြုလုပ်ရန်...
မက်ဇာ-၁- ရှာရစ် ၊ အာဖဂန်နစ္စတန် ၊ ဧပြီ ၅ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း Balkh ပြည်နယ်အတွင်း ပုန်းခိုနေသည့် စစ်သွေးကြွများကို အာဖဂန်လေတပ်မှ စစ်ရဟတ်ယာဉ်များအသုံးပြုကာ လိုက်လံပစ်ခတ်ရှင်းလင်းမှုပြုလုပ်ပြီးနောက် အနည်းဆုံး စစ်သွေးကြွ ၁၃ ဦးသေဆုံးပြီး အခြား ၇ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း စစ်တပ်သတင်းအရင်းအမြစ်က...
ဖရီးတောင်း၊ ဧပြီ ၅ ရက် (ဆင်ဟွာ) အတိုက်အခံ လွှတ်တော်ကိုယ်စားလှယ်နှင့် စစ်အစိုးရ ခေါင်းဆောင်ဟောင်း ဆီရာလီယွန် ပြည်သူ့ပါတီ (SLPP) Julius Maada Bio သည် ဆီရာလီယွန်နိုင်ငံ သမ္မတသစ်အဖြစ် ဧပြီလ ၅ ရက်ညပိုင်းက ကျမ်းသစ္စာကျိန်ဆိုခဲ့ကြောင်း သိရသည်။
ဒမတ်စကပ် ၊ ဧပြီ ၅ ရက်(ဆင်ဟွာ) ဆီးရီးယားနိုင်ငံဆိုင်ရာ တရုတ်သံရုံးနှင့် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP) ဆီးရီးယားရုံးတို့ ဧပြီလ ၄ ရက်နေ့က သဘောတူညီလက်မှတ်ရေးထိုးခဲ့ကြရာ ဆီးရီးယားအကျပ်အတည်းတွင် အရေးပေါ်အကူအညီ လိုအပ်နေသည့် မိသားစုများအတွက် စားနပ်ရိက္ခာ ဝယ်ယူထောက်ပံ့နိုင်ရန် တရုတ်နိုင်ငံမှ WFPအား အမေရိကန်ဒေါ်လာ ၁ သန်း ပေးအပ်လှူဒါန်းခဲ့သည်။
ဝါရှင်တန် ၊ ဧပြီ ၅ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်သည် ဧပြီလ ၄ ရက်တွင် ပြင်သစ်နိုင်ငံသမ္မတမက်ခရွန်ထံ ဖုန်းဆက်သွယ်၍ အိုင်အက်စ်(IS) အစ္စလာမ်မစ်အစွန်းရောက်များအား သုတ်သင်ရှင်းလင်းရေးအတွက် ဆွေးနွေးခဲ့ကြောင်း အိမ်ဖြူတော်က ဆိုသည်။
ဝါရှင်တန် ၊ ဧပြီ ၅ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်က အမေရိကန်-မက္ကဆီကို နှစ်နိုင်ငံ နယ်စပ်သို့ လုံခြုံရေးတပ်ဖွဲ့( National Guard ) စေလွှတ်ရန် လက်မှတ်ရေးထိုးလိုက်ကြောင်း သိရသည်။
ရီယတ်၊ ဧပြီ ၄ ရက် (ဆင်ဟွာ) ဆော်ဒီအာရေဗျနိုင်ငံတွင် ယခုအခါ မိမိ ကြင်ယာဖြစ်သူ၏ ဖုန်းအား ထောက်လှမ်းခြင်းသည် ပြစ်မှုမြောက်ကြောင်းနှင့် ထောင်ဒဏ်ကျခံရခြင်း သို့မဟုတ် ဒဏ်ငွေ အမေရိကန်ဒေါ်လာ ၁၃၃,၀၀၀ နှင့်အထက် ပေးဆောင်ရနိုင်ကြောင်း ဧပြီလ ၂ ရက်က အစိုးရ၏ ထုတ်ပြန်ချက်အရ သိရသည်။
ရာမာလာ ၊ ဧပြီ ၄ ရက်(ဆင်ဟွာ) ဧပြီလ ၃ ရက်နေ့တွင် ဖြစ်ပွားသော ပဋိပက္ခ၌ အစ္စရေးစစ်သားများ၏သေနတ်ဒဏ်ရာကြောင့် ပါလက်စတိုင်း လူငယ်တစ်ဦး သေဆုံးခဲ့သည်ဟု ပါလက်စတိုင်းနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ထိုနေ့တွင် ထုတ်ဖော် ပြောကြားခဲ့သည်။ မတ်လ ၃၀ ရက်နေ့မှ ယခုအချိန်အထိ ဂါဇာဒေသတွင် ဖြစ်ပွားသော ပဋိပက္ခအဓိကရုဏ်း...