Connect with us

Asia

မလေးရှားတွင် စွန့်ပစ်ဓာတုဗေဒပစ္စည်း ညစ်ညမ်းမှုကြောင့် စာသင်ကျောင်း ၁၃ ကျောင်း ပိတ်ထားရ

အီဂျစ်နိုင်ငံ နိုင်းမြစ်နံဘေးတွင် စည်းကမ်းမဲ့စွန့်ပစ်ထားသည့်အမှိုက်သရိုက်များအား တွေ့ရစဉ် (ဓာတ်ပုံ - အင်တာနက်)

ကွာလာလမ်ပူ၊ မတ် ၁၃ ရက်(ဆင်ဟွာ)

မလေးရှားနိုင်ငံ တောင်ပိုင်း Johor ပြည်နယ် Pasir Gudangဒေသတွင် နေထိုင်သူအချို့သည် ယခုရက်ပိုင်းများတွင် စွန့်ပစ်ဓါတုပစ္စည်းများ၏ ညစ်ညမ်းမှုကြောင့် ကိုယ်လက်မအီမသာဖြစ်ရသည်ဟု သံသယဖြစ်ဖွယ်တွေ့ရှိရသဖြင့် ၎င်းဒေသရှိသက်ဆိုင်ရာဌာနက စာသင်ကျောင်း ၁၃ ကျောင်းကို မတ်လ ၁၃ ရက်မှစ၍ အကန့်အသတ်မဲ့ ပိတ်ထားရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

Johor ပြည်နယ် Pasir Gudangဒေသရှိ မြစ်ရေစီးကြောင်းတစ်ခုတွင် စွန့်ပစ်ဓာတုပစ္စည်းညစ်ညမ်း သည်ဟု သံသယဖြစ်ဖွယ်တွေ့ရှိရသည့် ပြဿနာကို ဖြေရှင်းရန် ဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီ က စမ်းသပ်စောင့်ကြည့်မှုများ စတင်ပြုလုပ်နေပြီဖြစ်ကြောင်း Johor ပြည်နယ် ကျန်းမာရေး၊ ပတ်ဝန်းကျင်နှင့်လယ်ယာစိုက်ပျိုးရေး ကော်မတီ၏ တာဝန်ခံ Jamal က မတ် ၁၂ ရက် ညပိုင်းတွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

စွန့်ပစ်ဓာတုညစ်ညမ်းမှုကြောင့် သက်ရောက်မှုရှိနိုင်သည့်နေရာများကို အများပြည်သူများသွားလာခြင်း မပြုကြရန်နှင့် မျက်စိနာခြင်း၊ ရင်ဘက်အောင့်ခြင်း သို့မဟုတ် အသက်ရှုကြပ်ခြင်းများ ဖြစ်ပေါ်လာပါက အမြန်ဆုံး ကုသကြရန် ကြေညာချက်တွင် တိုက်တွန်းထားသည်။

မတ် ၁၂ ရက်အထိ ကိုယ်လက်မအီမသာဖြစ်ခြင်းကြောင့် ဆေးကုသမှုခံယူနေသူ ၂၀၀ ကျော်ရှိပြီဖြစ် ရာ အများစုမှာ ဒေသခံကျောင်းသားများဖြစ်ကြောင်း သိရသည်။

Pasir Gudangဒေသတွင် ရေနံဓာတုစသည့် စက်မှုလုပ်ငန်းကြီးများ စုနေသည်။ ယခုလ ၇ ရက်က လည်း တရားမဝင်ဓာတုပစ္စည်းစွန့်ပစ်မှုကြောင့် လူထောင်ကျော်ကို ရွှေ့ပြောင်းခဲ့ရကြောင်း သိရ သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.