Connect with us

Asia

ဘိုးရင်း 737 MAX အော်ဒါများ ပြောင်းလဲပေးရန် အင်ဒိုနီးရှားနိုင်ငံ Lion Air လေကြောင်းလိုင်း ကြိုးပမ်း

ဘိုးရင်း 737 Max လေယာဉ်တစ်စင်းအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဂျကာတာ၊ မတ် ၁၃ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံရှိ စရိတ်နည်းလေကြောင်းလိုင်းတစ်ခုဖြစ်သော Lion Air သည် မတ်လ ၁၀ ရက်က လေယာဉ်ပေါ်လိုက်ပါသွားသူ ၁၅၇ ဦးလုံး သေဆုံးသွားခဲ့သည့် အီသီယိုးပီးယား လေကြောင်းလိုင်း၏ ဘိုးရင်း 737 Max လေယာဉ်တစ်စင်း ပျက်ကျမှုဖြစ်ပွားပြီးနောက် ဘိုးရင်း 737 Max လေယာဉ်မှာယူထားမှုများအား ဖျက်သိမ်းရန်၊ ယင်းလေယာဉ်များအား အခြားအမျိုးအစားများနှင့် ပြောင်းလဲပေးရန် ကြိုးပမ်းခဲ့ကြောင်း အဆိုပါ လေကြောင်းလိုင်း၏ ဦးဆောင်ညွှန်ကြားရေးမှူးက မတ်လ ၁၂ ရက်တွင် ပြောကြားလိုက်သည်။

Lion Air က ၂၀၃၅ ခုနှစ်အထိ တန်ဖိုး အမေရိကန်ဒေါ်လာ ၂၂ ဘီလီယံရှိသော ဘိုးရင်း Max 8, 9 နှင့် 10 လေယာဉ် ၂၂၂ စင်းအား မှာယူထားခဲ့ပြီး ယင်းအနက် ၁၁ စင်းမှာ နိုင်ငံအတွင်းသို့ ရောက်ရှိနေပြီဖြစ်ကြောင်း အဆိုပါ လေကြောင်းလိုင်းထံမှ သိရသည်။

ခြောက်လပင်မရှိသေးသောကာလအတွင်း ဘိုးရင်း 737 Max 8 လေယာဉ်အသစ်တစ်စင်း၏ ဒုတိယအကြိမ်မြောက် ပျက်ကျမှုအဖြစ် အီသီယိုးပီးယား လေကြောင်းလိုင်း လေယာဉ်တစ်စင်းမှာ လေဆိပ်မှ ပျံတက်ပြီးနောက် ပျက်ကျသွားခဲ့သည်။ ပထမအကြိမ် ပျက်ကျမှုမှာ ၂၀၁၈ ခုနှစ် အောက်တိုဘာလက ဖြစ်ပွားခဲ့ပြီး Lion Air လေကြောင်းလိုင်း၏ Max 8 လေယာဉ်တစ်စင်းမှာ လေဆိပ်မှပျံတက်ပြီးနောက် အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်း ပင်လယ်ပြင်သို့ ပျက်ကျသွားခဲ့ရာ လေယာဉ်ပေါ်လိုက်ပါသွားသူ ၁၈၉ ဦး သေဆုံးခဲ့ရသေးသည်။

လေကြောင်းလိုင်းနှင့် ဘိုးရင်းကုမ္ပဏီဘက်ခြမ်းတို့ မှာယူထားမှုများကို ပယ်ဖျက်ခြင်းနှင့် အခြားလေယာဉ်အမျိုးအစားများဖြင့် လဲလှယ်ခြင်းများအား စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်နေကြောင်း Lion Air အုပ်စု ဦးဆောင်ညွှန်ကြားရေးမှူး ဒန်နီယယ် ပူတူ (Daniel Putu) က ပြောကြားခဲ့သည်။

“ပြန်လည်စေ့စပ်ဆွေးနွေးမှုကို လုပ်ရပါမယ်။ ကျွန်တော်တို့ သူတို့ (ဘိုးရင်း) နဲ့ ဆွေးနွေးနေပါတယ်” ဟု အထက်ပါ တာဝန်ရှိသူက ပြောသည်။

နှစ်ဘက်လုံးအနေဖြင့် သဘောတူညီချက် ရရှိခဲ့ခြင်းမရှိသော်လည်း ယခုနှစ် မေလတွင် ရောက်ရှိရန် လျာထားသော လေကြောင်းမှ မှာယူထားသည့် 737 Max 8 ဂျက်လေယာဉ် လေးစင်းအတွက်ကိုမူ ရွှေ့ဆိုင်းရန် သဘောတူခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.