Connect with us

Asia

ဂျပန် နိုင်ငံ ဝါကာရာမစီရင်စု တွင် အင်အား ၅.၂ ပမာဏရှိ ငလျင်တစ်ခုလှုပ်ခတ်

ဂျပန် နိုင်ငံ ဝါကာရာမစီရင်စု ရှိ ရှုခင်းနေရာတစ်ခုအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

တိုကျို၊ မတ် ၁၃ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း ဝါကာရာမစီရင်စု နှင့် နီးကပ်နေသော ကီးကျွန်းဆွယ် အလွန်တွင် ကနဦးတိုင်းတာချက်အရ အင်အား ၅.၂ ပမာဏရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသဌာနက မတ် ၁၃ ရက် တွင်ပြောကြားခဲ့သည်။

ဂျပန်နိုင်ငံ မိုးလေဝသဌာန (JMA) ကပြောကြားချက်အရ ငလျင်သည် ဒေသစံတော်ချိန် နေ့လည် ၁း၅၃နာရီတွင် ဟွန်းရှူးကျွန်းပေါ်ရှိ ကီးကျွန်းဆွယ် နှင့် ရှီကိုခုကျွန်း ကို ခွဲခြားထားသည့် ကီးရေလက်ကြား ကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ကြောင်း သိရသည်။

JMA က ငလျင်လှုပ်ခတ်မှု နောက်ဆက်တွဲအဖြစ် ဆူနာမီ သတိပေးချက် ထုတ်ပြန်ထားခြင်းမရှိကြောင်း သိရသည်။

ငလျင်သည် မြောက်လတ္တီကျု ၃၃.၈ဒီဂရီ နှင့် အရှေ့လောင်ဂျီကျု ၁၃၄.၉ ဒီဂရီ ရှိ မြေအောက်အနက် ၅၀ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ကြောင်း JMA ကပြောကြားခဲ့သည်။

ကမ်းရိုးတန်းအလွန်တွင် လှုပ်ခတ်ခဲ့သော အဆိုပါငလျင်ကြောင့် ထိခိုက်ပျက်စီးမှု သတင်းများ ထွက်ပေါ်လာခြင်းမရှိသေးကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.