အူထရာပရာဒတ် ၊ သြဂုတ် ၂ဝ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ မြောက်ပိုင်း အူထရာပရာဒတ်(Uttar Pradesh)ပြည်နယ် Muzaffarnagar မြို့၌ သြဂုတ်လ ၁၉ ရက်တွင် ခရီးသည်တင် ရထားတစ်စင်း မတော်တဆလမ်းချော်တိမ်းမှောက်မှုဖြစ်ပွားရာ အနည်းဆုံး လူပေါင်း ၂၃ ဦးသေဆုံးပြီး အခြား ၅ဝ ကျော်ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။
ဆူဗာ၊ သြဂုတ် ၁၉ ရက် (ဆင်ဟွာ) ဖီဂျီနိုင်ငံ ကမ်းရိုးတန်းအလွန်တွင် အင်အား ၆.၄ပမာဏရှိသည့် အင်အားပြင်းထန်သော ငလျင်တစ်ခု သြဂုတ်လ ၁၉ ရက်က လှုပ်ခတ်ခဲ့ကြောင်း အမေရိကန်နိုင်ငံ ဘူမိဗေဒဆိုင်ရာ စစ်တမ်းကောက်ယူမှုအဖွဲ့က ပြောကြားခဲ့ပြီး ထိခိုက်ပျက်စီးမှု သတင်းများ ထွက်ပေါ်လာခြင်းမရှိသေးကြောင်း သိရသည်။
ဘာစီလိုနာ၊ သြဂုတ် (၁၉) ရက် (ဆင်ဟွာ) စပိန်နိုင်ငံ ဘာစီလိုနာမြို့၏ အချက်အချာနေရာဖြစ်သော နာမည်ကျော် ကမ္ဘာလှည့်ခရီးသွားများဆွဲဆောင်ရာ Las Ramblas လမ်းမပေါ် တွင် သွားလာနေသည့် လူအုပ်အတွင်း သို့ သြဂုတ် ၁၇ ရက်တွင် ဗင်ကားအဖြူရောင်ဖြင့် ဝင်တိုက်ခဲ့သော Moussa Oukabir အမည်ရှိ အကြမ်းဖက်သမားမှာ...
ဆိုးလ်၊ သြဂုတ် ၁၈ ရက် (ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံသည် မြောက်ကိုရီးယားနိုင်ငံ နှင့် ထိစပ်နေသော အရှေ့ပိုင်းနယ်စပ်တွင် လက်နက်ကြီးများဖြင့် စစ်ရေးလေ့ကျင့်စဉ် မတော်တဆပေါက်ကွဲမှုတစ်ခုကြောင့် တောင်ကိုရီးယား စစ်သားတစ်ဦး သေဆုံးပြီး အခြား ၆ဦး ဒဏ်ရာရရှိခဲ့သည်ဟု အတည်ပြုချက်ရရှိခဲ့ကြောင်း Yonhap သတင်းဋ္ဌာနက ဖော်ပြခဲ့သည်။
မနီလာ၊ သြဂုတ် ၁၈ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ မြို့တော် မနီလာမြို့ တွင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးစစ်ဆင်မှုကြောင့် သြဂုတ် ၁၈ ရက် သန်းခေါင်ယံမတိုင်မီ လူ ၁၄ဦးထက်မနည်း အသတ်ခံခဲ့ရကြောင်း ပြည်တွင်းမီဒီယာ ကဖော်ပြခဲ့သည်။
ဘာစီလိုနာ၊ သြဂုတ် ၁၈ ရက် (ဆင်ဟွာ) ဘာစီလိုနာမြို့အချက်အချာတွင် သြဂုတ်လ ၁၇ ရက်က ဖြစ်ပွားခဲ့သော လူ ၁၃ဦးသေဆုံးပြီး အခြားလူ ၁၀၀ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှုအား ပြန်လည်တုံ့ပြန်သော စစ်ဆင်ရေးတစ်ခုတွင် ဘာစီလိုနာမြို့တောင်ပိုင်း Cambrils မြို့၌ အနည်းဆုံး သံသယရှိသူ ၄ဦး ကိုပစ်ခတ်သတ်ဖြတ်နိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့က...
လော့စ်အိန်ဂျလိစ် ၊ သြဂုတ် ၁၇ ရက် (ဆင်ဟွာ) အမေရိကန် နိုင်ငံ ကမ်းခြေစောင့် တပ်ဖွဲ့ က သြဂုတ်လ ၁၆ ရက်နေ့၌ အမေရိကန် နိုင်ငံ ကြည်းတပ် မှ UH-60 ရဟတ်ယာဉ် တစ်စင်း သည် သြဂုတ်လ ၁၅ ရက်နေ့ ညပိုင်းအချိန်တွင်...
ရီယာ့ဒ်၊ သြဂုတ် ၁၇ ရက် (ဆင်ဟွာ) ဆော်ဒီဘုရင် ဆယ်လ်မန် ဘင် အဗ္ဗဒူလာဇစ် က ဘုရားဖူးများ ဆော်ဒီနိုင်ငံအတွင်းသို့ ကုန်းလမ်းမ နယ်စပ်ဂိတ် မှတစ်ဆင့် အီလက်ထရောနစ် ပါမစ်များ မလိုအပ်ဘဲ ဝင်ရောက်ခွင့်ပြုရန် သြဂုတ် ၁၆ရက် တွင် အမိန့်ပေးခဲ့ကြောင်း သိရသည်။
ဟာဗာနာ၊ သြဂုတ် ၁၇ ရက် (ဆင်ဟွာ) ၂၀၁၆ခုနှစ်သည် တရုတ်နိုင်ငံ အနေဖြင့် ကျူးဘားနိုင်ငံ ၏ အကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်လာသည့် ပထမဆုံးနှစ်ဖြစ်ပြီး နှစ်နိုင်ငံ ကုန်သွယ်မှုတန်ဖိုးသည် မေရိကန်ဒေါ်လာ ၂.၅၈၅ဘီလီယံ အထိ ရောက်ရှိခဲ့ကြောင်း ONEI ကျူးဘားနိုင်ငံ စာရင်းစစ်ဋ္ဌာန ၏ ထုတ်ပြန်ချက်အရ သိရသည်။
ဘေရွတ် ၊ သြဂုတ် ၁၇ ရက်(ဆင်ဟွာ) လက်ဘနွန်နိုင်ငံ ၌ အငြင်းပွားဖွယ်ဥပဒေတစ်ခုဖြစ်နေသော မုဒိန်းမှုကျူးလွန်သူကို အပြစ်ပေး အရေးယူခြင်းမရှိဘဲ ပြုကျင့်ခံရသူအား လက်ထပ်ယူခွင့်ပြုထားသော ဥပဒေပြင်ဆင်ရေးကို သြဂုတ်လ ၁၆ ရက်တွင် လက်ဘနွန်လွှတ်တော်က ငြင်းပယ်လိုက်ကြောင်း နိုင်ငံပိုင်သတင်းဌာက သတင်းဖော်ပြခဲ့သည်။