Connect with us

Latin America

ဗင်နီဇွဲလားနိုင်ငံတွင် အမေရိကန် လူသားချင်းစာနာမှုအထောက်အပံ့သည် စစ်ရေးကျူးကျော်မှု အသွင်ဆောင်ကြောင်း ကျူးဘားနိုင်ငံဘက်မှပြောကြား

ဗင်နီဇွဲလားနိုင်ငံ ရှိ မြို့တစ်မြို့ အားတွေ့ရစဉ် (ဆင်ဟွာ)

ဟာဗားနား ဖေဖော်ဝါရီ ၇ ရက် (ဆင်ဟွာ)

ဗင်နီဇွဲလားနိုင်ငံ သို့ အမေရိကန်ပြည်ထောင်စု ၏ လူသားချင်း စာနာထောက်ထားမှု အကူအညီသည် ဗင်နီဇွဲလားနိုင်ငံသို့ စစ်ရေးကျူးကျော်မှုပြုရန်အတွက် မူမမှန်သောအကြောင်းပြချက်သာဖြစ်ကြောင်း ကျူးဘားနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး ဘရူနိုရိုဒရီဂူစ် (Bruno Rodriguez) ကဖေဖော်ဝါရီလ ၆ ရက်တွင် ပြောသည်။

ဗင်နီဇွဲလားနိုင်ငံ လက်ရှိအာဏာရအစိုးရ၏သမ္မတ နီကိုးလက်စ် မာဒူရို(Nicolas Maduro)အားဖြုတ်ချရန် အတွက် အတိုက်အခံအဖွဲ့အစည်းများ ကို စစ်ရေးအရ ကူညီရန် အမေရိကန်အနေဖြင့် ပြင်ဆင်လျက်ရှိကြောင်း Rodriguez ကပြောသည်။

“စစ်ရေးအရ ကျူးကျော်ဖို့အတွက် လူသားချင်းစာနာမှု အကြောင်းပြချက်နဲ့ အကူအညီ ဆက်ပေးနေတယ်’’ ဟု ၎င်းက ဖြည့်စွက်ပြောသည်။

ဗင်နီဇွဲလားနိုင်ငံ ၏ အာဏာရ ပါတီ နှင့် အတိုက်အခံ ပါတီတို့ အကြား အာဏာအားပြိုင်မှုတွင် အမျိုးသားလွှတ်တော်၏ ဥက္ကဋ္ဌဖြစ်ပြီး ကြားဖြတ်သမ္မတအနေဖြင့် ကြေညာခဲ့သော အတိုက်အခံခေါင်းဆောင် ဂျူရန်ဂူအက်ခ်ဒို(Juan Guaido) ကို အမေရိကန် အနေဖြင့် နောက်ကွယ်မှ အားဖြည့်ပေးလျက်ရှိကြောင်း သိရသည်။

လူသားချင်းစာနာထောက်ထားမှု အတွက် အလှူငွေကောက်ခံသည့် စင်တာများ က ကိုလံဘီယာ၊ ဘရာဇီး နှင့် ကာရေဘီယံကျွန်း တို့တွင် တည်ရှိကြောင်း Guaido ကြေညာချက်ထုတ်ပြန်ခဲ့ပြီးနောက်တွင် ၎င်းတို့က ဗင်နီဇွဲလားကို စစ်ရေးအရ ကျူးကျော်ရန် အလားအလာရှိသည့် မဟာဗျူဟာမြောက်နေရာများ ဖြစ်ကြောင်း Rodriguez ကပြောသည်။

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.