Connect with us

North America

သမ္မတထရမ့်၏နိုင်ငံတော်အခြေပြမိန့်ခွန်းပြောကြားအပြီးတွင် ဒေါ်လာဈေးမြင့်တက်

အမေရိကန်ဒေါ်လာငွေကိုင်ဆောင်ထားသူတစ်ဦးအားတွေ့ ရစဉ်(ဆင်ဟွာ)

နယူးယောက် ၊ ဖေဖော်ဝါရီ ၇ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်၏ နိုင်ငံတော်အခြေပြမိန့်ခွန်းပြောကြားပြီးနောက်တွင် ရင်းနှီးမြှုပ်နှံမှုသူများ၏အဆိုအရ ဒေါ်လာဈေးသည် ဖေဖော်ဝါရီ ၆ ရက်က ဈေးမြင့်တက်ခဲ့ကြောင်း သိရသည်။

သမ္မတထရမ့်၏ မိန့်ခွန်းတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် အခြေခံအဆောက်အအုံပိုင်း၌ ငွေကြေးပိုမိုသုံးစွဲသွားရန် တွန်းအားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်ဟု လေ့လာသူများက ဆိုသည်။

ဒေါ်လာငွေညွှန်းကိန်းသည် အမေရိကန်တစ်ဒေါ်လာကို အခြား အဓိကငွေကြေး ၆ ခု၏ တန်ဖိုးနှုန်းထားနှင့် နှိုင်းယှဉ်တိုင်းတာမှုများပြုလုပ်ခဲ့ရာ ဖေဖော်ဝါရီ ၆ ရက် နောက်ဆုံးဈေးပိတ်ချိန်၌ ၉၆.၃၉၇၇ တွင် ဝ.၃၅ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း သိရသည်။

နယူးယောက်မြို့၌ ယခင်က တစ်ယူရိုငွေသည် အမေရိကန်ဒေါ်လာ ၁.၁၄ဝ၉ ရှိခဲ့ရာမှ နောက်ဆုံးဈေးပိတ်ချိန်တွင် ၁.၁၃၆၃ ထိဈေးကျသွားခဲ့ကြောင်း ၊ အလားတူ ဗြိတိသျှ စတာလင်ပေါင် တစ်ပေါင်လျှင် အမရိကန်ဒေါ်လာ ၁.၂၉၅၄ ရှိခဲ့ရာမှ ဈေးပိတ်ချိန်တွင် ၁.၂၉၃၇ ဒေါ်လာထိ ဈေးကျသွားကြောင်း ၊ သြစတြေးလျဒေါ်လာ ၁ ဒေါ်လာသည် အမေရိကန်ဒေါ်လာ ဝ.၇၁၁၃ မှ ဝ.၇၂၂၉ ဒေါ်လာအထိ ဈေးကျသွားခဲ့ကြောင်း သိရသည်။

အစောပိုင်းက အမေရိကန် တစ်ဒေါ်လာလျှင် ဂျပန်ယန်း ၁ဝ၉.၉၇ ဖြင့် အမြင့်ဆုံး ဈေးပေါက်ခဲ့ရာမှာ ဖေဖော်ဝါရီ၆ ရက် ဈေးပိတ်ချိန်တွင် ၁ဝ၉.၉၈ ထိ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည်။

ထို့ပြင် အမေရိကန်တစ်ဒေါ်လာ လျှင် ဆွစ်ငွေ ၁.ဝဝဝ၂ ဖရန့်စ် မှ ၁.ဝဝ၂၅ ဖရန့်စ်အထိ မြင့်တက်ခဲ့ကြောင်း နှင့် အမေရိကန် တစ်ဒေါ်လာလျှင် ကနေဒါဒေါ်လာ ၁.၃၁၄၄ မှ ၁.၃၂ဝ၃ အထိ အသီးသီး မြင့်တက်ခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.