ကုလသမဂ္ဂ၊ မေ ၁၇ ရက်(ဆင်ဟွာ) အစ္စရေးစစ်တပ်က ဂါဇာကမ်းမြောင်ဒေသတွင် ပါလက်စတိုင်း အရပ်သားပြည်သူများကို အစုလိုက် အပြုံလိုက်သတ်ဖြတ်ခြင်းက အရှေ့အလယ်ပိုင်း၏တည်ငြိမ်အေးချမ်းရေးအခွင့်အလမ်းကို ဖျက်ဆီး ရာရောက်သည် ဟု ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့(PLO)၏အလုပ်အမှုဆောင်ကော်မတီဝင် Hanan Ashrawi က မေလ ၁၆ ရက်တွင် ပြောကြားခဲ့သည်။
ပဲရစ်၊ မေ ၁၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံနှင့် ပြင်သစ်နိုင်ငံတို့သည် နျူကလီးယားစွမ်းအင်၊ လေယာဉ်၊ ဒုံးပျံတည်ဆောက်မှုနည်းပညာ၊ တီထွင်ဆန်းသစ်ခြင်း၊ ဉာဏ်ရည်တု၊ ဒီဂျစ်တယ်စီးပွားရေးနှင့် သဘာဝပတ်ဝန်းကျင်စသည့် နယ်ပယ်များတွင် နက်ရှိုင်းစွာ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှု ကျယ်ပြန့်စွာဆောင်ရွက်သင့်ကြောင်း တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက မေလ ၁၇ ရက်တွင်...
ဘယ်လ်ဂရိတ်၊ မေ ၁၇ ရက် (ဆင်ဟွာ) ဆားဘီးယားနိုင်ငံ မြို့တော် အစွန်အဖျားရှိ လေဆိပ်ငယ်တစ်ခုအနီးအနားတွင် မေ ၁၆ ရက် ညနေပိုင်းက အပေါ့စား လေယာဉ်တစ်စီး ပျက်ကျခဲ့ရာ အမျိုးသားတစ်ဦး နှင့် အမျိုးသမီးတစ်ဦးသေဆုံးခဲ့ကြောင်း RTS ရုပ်သံလိုင်းက ထုတ်လွှင့်ခဲ့သည်။
တိုကျို၊ မေ ၁၇ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ တိုကျိုမြို့ အရှေ့ပိုင်း ကာနိုဒေသ ချီးဘားစီရင်စု ၌ မေ ၁၇ရက် ဒေသစံတော်ချိန် မွန်းလွဲ ၁၂း၁၂နာရီ တွင် ကနဦးတိုင်းတာချက်များအရ အင်အား ၅.၃ပမာဏရှိ ငလျင်တစ်ခုလှုပ်ခတ်သွားကြောင်း မိုးလေဝသဌာနက ပြောကြားခဲ့သည်။
အက်ဒန် ၊ မေ ၁၇ ရက်(ဆင်ဟွာ) လွန်ခဲ့သော ၂၄ နာရီအတွင်း ယီမင်အစိုးရစစ်တပ်က အနောက်ပိုင်းဒေသတွင် ဟူသီလက်နက်ကိုင် ၄၀ ကျော်ကို သုတ်သင်ရှင်းလင်းခဲ့ကြောင်း ယီမင်လုံခြုံရေးဝန်ကြီးဌာန၏ မေလ ၁၆ ရက်နေ့ သတင်းများအရ သိရသည်။
ကွာလာလမ်ပူ ၊ မေ ၁၇ ရက်(ဆင်ဟွာ) မလေးရှားနိုင်ငံရဲတပ်ဖွဲ့က မေလ ၁၆ ရက် ညပိုင်းတွင် ဝန်ကြီးချုပ်ဟောင်း နာဂျစ်၏ နေအိမ်အား ဝင်ရောက်စီးနင်းခဲ့ကြောင်း သိရသည်။
ဝါရှင်တန်၊ မေ ၁၆ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ အရှေ့မြောက်ပိုင်းတွင် မေလ ၁၅ ရက်က ရာသီဥတုဆိုးဝါးမှုကြောင့် အနည်းဆုံး လူ ၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
နယူးယောက်၊ မေ ၁၆ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံက အီရန်နိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုများဖြင့် မတည်ငြိမ်မှုများရှိနေသောကြောင့် မေလ ၁၅ ရက်တွင် ရေနံဈေးများ မြင့်မားနေကြောင်း သိရသည်။
ကွာလာလမ်ပူ ၊ မေ ၁၆ ရက်(ဆင်ဟွာ) လိင်တူဆက်ဆံမှုစွပ်စွဲချက်ဖြင့် အကျဉ်းချခံထားရသော မလေးရှားနိုင်ငံဒုတိယဝန်ကြီးချုပ်ဟောင်း အန်ဝါအီဗရာဟင်(Anwar Ibrahim) သည် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ယနေ့(မေလ ၁၆ ရက်)တွင် ထောင်မှ လွတ်မြောက်လာကြောင်း သိရသည်။
ဝါရှင်တန် ၊ မေ ၁၆ ရက် (ဆင်ဟွာ) အမေရိကန် နိုင်ငံ ဘဏ္ဍာရေး ဝန်ကြီးဌာန က အီရန် နိုင်ငံ ဗဟိုဘဏ် ဥက္ကဋ္ဌ Valiollah Seif အား ပိတ်ဆို့အရေးယူမှု ဆောင်ရွက်ကြောင်း မေလ ၁၅ ရက်နေ့ ၌ ကြေညာချက် ထုတ်ပြန်...