Connect with us

Africa & Middle East

လက်ဘနွန်နိုင်ငံရှိ ဆီးရီးယား ဒုက္ခသည်များကို အမေရိကန် ဒေါ်လာ ၁.၅သန်း ကူညီရန် ကူဝိတ် ကမ်းလှမ်း

လက်ဘနွန်နိုင်ငံမှ ပြန်လည်ထွက်ခွာလာသည့် ဆီးရီးယားဒုက္ခသည်များအားတွေ့ရစဉ် (ဆင်ဟွာ)

ကူဝိတ်၊ ဇန်နဝါရီ ၁၇ ရက် (ဆင်ဟွာ)

ကူဝိတ်စော်ဘွား Emir Sheikh Sabah Al-Ahmad Al-Jaber Al-Sabah ညွှန်ကြားချက်ဖြင့် လက်ဘနွန်နိုင်ငံရှိ ဆီးရီးယား ဒုက္ခသည်များကို အရေးပေါ်အကူအညီများအတွက် အမေရိကန် ဒေါ်လာ ၁.၅ သန်း ကူညီမည် ဖြစ်ကြောင်း ကူဝိတ်လခြမ်းနီအဖွဲ့အစည်းက ဇန်နဝါရီ ၁၆ ရက်က ကြေညာချက် ထုတ်ပြန်ခဲ့သည်။

အဆိုပါ အကူအညီကြောင့် လက်ဘနွန် ဒုက္ခသည်စခန်းများမှ ဆီးရီးယားဒုက္ခသည်များ ခက်ခဲဆင်းရဲမှုများ လျော့နည်းလာမည်ဖြစ်ပြီး အထူးသဖြင့် ဆောင်းရာသီ နှင်းမုန်တိုင်းကြား အလွန်အေးခဲကာ ကြီးကြီးမားမား ပျက်စီးနေသော Al-Rukban ဒုက္ခသည်စခန်းအတွက်ဖြစ်ကြောင်း ကူဝိတ်သတင်းအေဂျင်စီကို ကိုးကားပြီး ကူဝိတ်လခြမ်းနီအဖွဲ့အစည်း ဥက္ကဋ္ဌ Hilal Al-Sayerကပြောကြားသည်။

ကူဝိတ်လခြမ်းနီအဖွဲ့အနေဖြင့် လက်ဘနွန်ကြက်ခြေနီအသင်းနှင့် ညှိုနှိုင်းကာ လက်ဘနွန်ဒုက္ခသည်များအတွက် အထောက်အပံ့များ ပေးနိုင်ရန်နှင့် လိုအပ်ချက်များကို သုံးသပ်ရန် လက်ဘနွန်သို့ ဇန်နဝါရီ ၁၇ ရက်တွင် သွားရောက်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။ (Xinhua)