Connect with us

Asia

ထိုင်းနိုင်ငံ တောင်ပိုင်းတွင် ဗုံးပေါက်ကွဲမှုကြောင့် ရဲတပ်ဖွဲ့ဝင် ၂ ဦး ဒဏ်ရာရ

အခင်းဖြစ်ပွားရာနေရာတစ်ခုအား လုံခြုံရေးစည်းတားထားသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဘန်ကောက်၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံတောင်ဘက်စွန်း ပတ်တာနီပြည်နယ် နန်ချစ်ခရိုင်တွင် ဇန်နဝါရီလ ၁၈ ရက် နံနက်ပိုင်းက ဗုံးပေါက်ကွဲမှုတစ်ရပ် ဖြစ်ပွားခဲ့ရာ ကျောင်းဆရာအဖွဲ့တစ်ဖွဲ့အား လိုက်ပါစောင့်ရှောက်ပေးနေသည့် ရဲတပ်ဖွဲ့ဝင် ၂ ဦး ပြင်းထန်စွာဒဏ်ရာရသွားကြောင်း သိရသည်။

Khaosod ဒေသခံမီဒီယာ၏ ဖော်ပြချက်အရ ဇန်နဝါရီလ ၁၈ ရက် ဒေသစံတော်ချိန် နံနက် ရး၅၅ နာရီက ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားသည်ဟု သတင်းရရှိခဲ့ကြောင်း၊ အဆိုပါ ရဲတပ်ဖွဲ့ဝင် ၂ ဦးမှာ ပတ်တာနီ ဆေးရုံတွင် ဆေးကုသမှုခံယူနေကြောင်း သိရသည်။

ဗုံးဖောက်ခွဲသူအား အာဏာပိုင်များက မသိရှိရသေးသော်လည်း အဆိုပါ ပြည်နယ်အတွင်း မတည်ငြိမ်မှု ဖြစ်ပွားစေရန်ရည်ရွယ်၍ လုပ်ဆောင်ခြင်းသည်ဟု ယူဆရသည်ဟု ဆိုသည်။

ရာနာ၊ နာရာသီဝတ်နှင့် ပတ်တာနီ ပြည်နယ် သုံးခုသည် ထိုင်းနိုင်ငံ တောင်ဘက်စွန်း ပြည်နယ်များဖြစ်ကြပြီး စစ်သွေးကြွများစွာ၏ သေနတ်ပစ်ခတ် တိုက်ခိုက်မှုများနှင့် ဗုံးဖောက်ခွဲမှုများ ဖြစ်ပွားလေ့ရှိသည်။ အဆိုပါ တိုက်ခိုက်မှုများကြောင့် ၂၀၀၄ ခုနှစ်မှစ၍ လူ ၇,၀၀၀ ကျော် သေဆုံးခဲ့ကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117