မော်စကို ၊ ဧပြီ ၁၂ ရက် (ဆင်ဟွာ) ရုရှား နိုင်ငံ အကြမ်းဖက်မှု တိုက်ဖျက်ရေး ကော်မတီ ဥက္ကဋ္ဌ ၊ ရုရှား နိုင်ငံ ဖက်ဒရယ်လုံခြုံရေး ဌာန ဌာနမှူး Bortnikov က ရုရှား နိုင်ငံ လုံခြုံရေး ဌာန အနေဖြင့် ပြီးခဲ့သည့်...
ဒါဗာအို စီးတီး၊ ဧပြီ ၁၂ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းဒေသများ တွင် ဧပြီ ၁၂ ရက် က ရစ်ချ်တာစကေး ၆.၀ အဆင့် ရှိသည့် အင်အားပြင်းငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း ဖိလစ်ပိုင်နိုင်ငံ ငလျင်ပညာရှင်များက ပြောကြားခဲ့သည်။
ဒေါ့မွန်၊ ဧပြီ ၁၂ ရက် (ဆင်ဟွာ) ဂျာမနီနိုင်ငံ အနောက်ပိုင်း ဒေ့ါမွန်မြို့ တွင် ဧပြီ ၁၁ ရက် က ဂျာမနီဘောလုံးအသင်းဖြစ်သည့် ဒေါ့မွန်ဘောလုံးအသင်းမှ ကစားသမားများလိုက်ပါလာသော ဘတ်စ်ကားကို ပစ်မှတ်ထား၍ ဖောက်ခွဲမှု သုံးခု ပြုလုပ်ခဲ့ရာ ကစားသမားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့ဝင်တစ်ဦး ကပြောကြားခဲ့သည်။
Pohang ၊ ဧပြီ ၁၂ ရက်(ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံ Pohang ၌ ဧပြီလ ၁၁ ရက်က ပြုလုပ်ခဲ့သော အမေရိကန်-တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှု ပစိဖိတ်စစ်ဆင်ရေး(Operation Pacific) မြင်ကွင်း ဓာတ်ပုံအချို့ကို ဖော်ပြပေးလိုက်သည်။ (Xinhua)
မက္ကဆီကို စီးတီး၊ ဧပြီ ၁၁ ရက် (ဆင်ဟွာ) မက္ကဆီကိုနိုင်ငံတောင်ပိုင်း မက္ကဆီကို-အကာပေါ်ကို အဝေးပြေးလမ်းမကြီးအနီး စွန့်ပစ်ထားသော SUV အမျိုးအစားယာဉ်တစ်စီးအတွင်း၌ အမျိုးသား ၈ဦး၏ ရုပ်အလောင်းများကို ရဲတပ်ဖွဲ့ဝင်များက ရှာတွေ့ခဲ့ကြောင်း ပြည်တွင်းသတင်းမီဒီယာတစ်ခု က ဧပြီ ၁၀ ရက်တွင်ဖော်ပြခဲ့သည်။
လော့စ်အိန်ဂျလိစ်၊ ဧပြီ ၁၁ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဘာနာဒီနိုမြို့ ရှိ North Park မူလတန်းကျောင်းဝင်း အတွင်း ဧပြီ ၁၀ ရက်က ပစ်ခတ်မှု တစ်ခုဖြစ်ပွားခဲ့ရာ လူနှစ်ဦးသေဆုံးပြီး အခြားလူနှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဆစ်ဒနီ ၊ ဧပြီ ၁ဝရက် (ဆင်ဟွာ) လေးယောက်ပေါင်း အသက် ၃၆ဝ နှစ်အထိ ရှိသော သြစတြေးလျနိုင်ငံမှ ရေကူးအဖိုးအို လေးဦးသည် ဧပြီလ ၉ ရက်က နယူးဆောက်ဝေးပြည်နယ် အမျိုးသားရေကူးချန်ပီယံပြိုင်ပွဲ၌ မီတာ ၅ဝ (4×50) လက်ဆင့်ကမ်းရေကူးပြိုင်တွင် နိုင်ငံ့စံချိန်သစ် တစ်ရပ်ကို တင်နိုင်ခဲ့ကြောင်း သိရသည်။
ကိုင်ရို၊ ဧပြီ ၁၀ ရက် (ဆင်ဟွာ) အီဂျစ်နိုင်ငံ ရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်း နှစ်ခုတွင် ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုများကြောင့် လူ ၄၄ဦး ထက်မနည်း သေဆုံးကာ အခြားလူ ၁၂၀ကျော် ဒဏ်ရာရရှိခဲ့၍ တစ်နိုင်ငံလုံး အရေးပေါ်အခြေအနေ သုံးလ သတ်မှတ်လိုက်ကြောင်း သမ္မတ အဗ္ဗဒူလ် ဖက်တာ အယ်လ်-စီစီ...
ဒမတ်စကက် ၊ ဧပြီ ၁ဝ ရက် (ဆင်ဟွာ) ဆီးရီးယားအတိုက်အခံအုပ်စုများကို အထောက်အကူပြုစေရန်ရည်ရွယ်ပြီး ဆီးရီးယားနိုင်ငံအား အမေရိကန်က ဒုံးကျည်ဖြင့် တိုက်ခိုက်ခဲ့သည့်လုပ်ရပ်မှာ ရည်မှန်းချက် မအောင်မြင်ကြောင်း ဆီးရီးယားနိုင်ငံသမ္မတ ဘာရှာအာဆတ်က ဧပြီလ ၉ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်ဟု နိုင်ငံပိုင် SANA သတင်းဌာနက ဖော်ပြခဲ့သည်။
မော်စကို ၊ ဧပြီ ၁ဝ ရက် (ဆင်ဟွာ) နိုင်ငံတကာဥပဒေကို ချိုးဖောက်၍ ဆီးရီးယားနိုင်ငံအား အမေရိကန်က ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်လုပ်ရပ်အပေါ် ရုရှားနိုင်ငံသမ္မတ နှင့် အီရန်နိုင်ငံသမ္မတ တို့နှစ်ဦးက တယ်လီဖုန်းဖြင့်ဆက်သွယ် ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး ၎င်းတိုက်ခိုက်မှုမှာ “ ရန်လိုသောအပြုအမူ” ဖြစ်ကြောင်း ရုရှားနိုင်ငံက ဧပြီလ ၉ ရက်တွင်...