Connect with us

Asia

အင်ဒိုနီးရှားနိုင်ငံ ဆွန်ဒါရေလက်ကြားတွင် ဆူနာမီရိုက်ခတ်၍ အနည်းဆုံး လူ ၄၃ဦးသေဆုံး၊ ၅၈၄ဦး ဒဏ်ရာရရှိ

အင်ဒိုနီးရှားတွင် ဆူနာမီရိုက်ခတ်ပြီးနောက် ကျန်ရစ်ခဲ့သည့် အပျက်အစီးများအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဂျာကာတာ၊ ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်း ဆွန်ဒါရေလက်ကြား ရှိ ကမ်းရိုးတန်းဧရိယာတွင် ဒီဇင်ဘာ ၂၂ ရက် ညပိုင်းက Krakatau Child မီးတောင်ပေါက်ကွဲမှုကြောင့် ဆူနာမီဖြစ်ပေါ်လာခဲ့ပြီး အနည်းဆုံး လူ ၄၃ဦးသေဆုံးကာ အခြားလူ ၅၈၄ဦး ဒဏ်ရာရရှိခဲ့ကြောင်း သဘာဝပတ်ဝန်းကျင်စီမံခန့်ခွဲရေးဌာနတာဝန်ရှိသူများက ဒီဇင်ဘာ ၂၃ ရက် အစောပိုင်းတွင်ပြောကြားခဲ့သည်။

ဆူနာမီရေလှိုင်းများကြောင့် စုစုပေါင်း နေအိမ် အလုံး ၄၃၀ နှင့် ဟိုတယ် ၉လုံး၊ သင်္ဘော ၁၀စင်း ထိခိုက်ပျက်စီးခဲ့ကြောင်း အမျိုးသား သဘာဝပတ်ဝန်းကျင်စီမံခန့်ခွဲရေးဌာန မှပြောရေးဆိုခွင့်ရှိသူ Sutopo Purwo Nugroho က ဆင်ဟွာသို့ ပြောကြားခဲ့သည်။

Benten ပြည်နယ် Pandeglang ခရိုင်သည် ဆူနာမီရိုက်ခတ်မှုဒဏ် ကို အများဆုံးခံစားခဲ့ရပြီး ပြည်နယ်အတွင်းရှိ Serang ခရိုင်နှင့် Lampung ပြည်နယ်အတွင်းရှိ Lampung Selatan ခရိုင်တို့သည်လည်း ယင်းအကျိုးဆက်ကို ခံစားခဲ့ရကြောင်း၊ ရေလှိုင်းလုံးကြီးများသည် ကမ်းရိုးတန်းတစ်လျှောက်ရှိ လူနေဧရိယာများ နှင့် ကမ္ဘာလှည့်ခရီးသွား စွဲဆောင်ရာနေရာများကို ရိုက်ခတ်ဖျက်စီးသွားခဲ့ကြောင်း နှင့် ဆူနာမီဖြစ်ပေါ်လာချိန်တွင် လူအများသည် Pandeglang ကမ်းရိုးတန်းတစ်လျှောက်တွင် အပန်းဖြေနေကြကြောင်း ပြောရေးဆိုခွင့်ရှိသူကပြောကြားခဲ့သည်။

ဆူနာမီကြောင့် ကမ်းရိုးတန်းတစ်လျှောက်တွင် ရေအမြင့် ၄ မှ ၅ မီတာအထိ ဖုံးလွှမ်းသွားခဲ့ပြီး လူအများအပြားပျောက်ဆုံးနေကြောင်း သဘာဝပတ်ဝန်းကျင်စီမံခန့်ခွဲရေး အရေးပေါ်ဌာန အကြီးအကဲ Endang Permana က ပြောကြားခဲ့သည်။

Lampung Selatan ခရိုင်တွင် အဆောက်အအုံ ၁၀၀ကျော် ပျက်စီးခဲ့ပြီး ယင်းအပျက်အစီးများအောက်တွင် ပိမိနေသူများကို ကယ်ထုတ်နေကြောင်း နှင့် ဆူနာမီရေလှိုင်းရိုက်ခတ်ချိန်တွင် ရေစီးဖြင့် မျောပါသွားသူများကို ရှာဖွေနေကြောင်း Lampung Selatan ခရိုင် သဘာဝပတ်ဝန်းကျင်စီမံခန့်ခွဲရေးဌာန အကြီးအကဲ Ketut Sukerta ကပြောကြားခဲ့သည်။

ရှာဖွေကယ်ဆယ်ရေလုပ်ငန်းများ လုပ်ဆောင်ရန် အမျိုးသား ရှာဖွေရေး နှင့် ကယ်ဆယ်ရေးရုံးက ဝန်ထမ်းများကို စေလွှတ်ထားကြောင်း၊ လက်ရှိတွင် သာမာန်ရိုးကျနည်းလမ်းများဖြင့် ရှာဖွေရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသော်လည်း စက်ယန္တရားကြီးများ လိုအပ်ပါက ချက်ချင်းထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း အမျိုးသား ရှာဖွေရေး နှင့် ကယ်ဆယ်ရေးရုံး ဆက်သွယ်ရေးဌာန အကြီးအကဲ Yusuf Latief က ဆင်ဟွာသို့ ဖုန်းဖြင့်ပြောကြားခဲ့သည်။

Karkatau Child မီးတောင်လှုပ်ခတ်မှုသည် ပင်လယ်ကြမ်းပြင်၌ မြေပြိုမှုများ ဖြစ်စေကာ ဆူနာမီရေလှိုင်းများ ဖြစ်ပေါ်လာစေကြောင်း နှင့် လပြည့်နေ့ဖြစ်နေခြင်းကြောင့် ဒီဇင်ဘာ ၂၂ရက် ၂၁း၂၇နာရီတွင် ဆူနာမီရေလှိုင်းများ အင်အားပြင်းထန်လာခဲ့ကြောင်းပြောကြားခဲ့သည်။

Karkatau Child မီးတောင် သည် အင်ဒိုနီးရှားနိုင်ငံ ရှိ မီးတောင်ရှင် ၁၂၉လုံးအနက် တစ်ခုဖြစ်ကြောင်း သိရသည်။ (Xinhua)