Connect with us

Australia / Oceania

တောင်ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ တွန်ဂါ(Tonga)နိုင်ငံအနီးတွင် ပြင်းအား ၆.၄ အဆင့် ငလျင်လှုပ်ခတ်

တွန်ဂါနိုင်ငံ အနီးတွင်ရှိကျွန်းတစ်ကျွန်းအား မြင်တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

နူကူးအလိုဖာ၊ ဒီဇင်ဘာ၂၄ ရက်(ဆင်ဟွာ)

တောင်ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ တွန်ဂါ(Tonga)နိုင်ငံ၏ မြို့တော် နူကူးအလိုဖာမြို့(Nuku’alofa) မြောက်ဘက် ၈၄ ကီလိုမီတာတွင် ဒီဇင်ဘာ ၂၄ ရက်က ပြင်းအား ၆.၄ အဆင့်ရှိ ငလျင်လှုပ်ခတ် ခဲ့ကြောင်း အမေရိကန် ဘူမိဗေဒ လေ့လာရေးဌာန(USGS)၏ ထုတ်ပြန်သည့် သတင်းများအရ သိရသည်။

လက်ရှိတွင် သေဆုံးဒဏ်ရာရမှုနှင့်ပျက်စီးဆုံးရှုံးမှု စာရင်းကို မသိရသေးကြောင်း၊အဆိုပါငလျင်မှာ ဒီဇင်ဘာ ၂၄ ရက် ဒေသစံတော်ချိန် ၁၂ နာရီ ၈ မိနစ်တွင် လှုပ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း အမေရိကန် ဘူမိဗေဒ လေ့လာရေးဌာန(USGS)၏ငလျင် သတင်းဝက်ဘ်ဆိုက်မှ သိရသည်။

ငလျင်သည် တောင်လတ္တီကျု ၂၀.၃၇၅ ဒီဂရီ ၊အနောက်လောင်ဂျီကျု ၁၇၅.၀၉၃ ဒီဂရီအတွင်း မြေပြင်အောက် အနက် ၁၀၀.၂ ကီလိုမီတာကို ဗဟိုပြုလှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ပစိဖိတ် ဆူနာမီ သတိပေးစင်တာအနေဖြင့် ဆူနာမီ သတိပေးချက်ထုတ်ပြန်ထားခြင်း မရှိသေးကြောင်း သိရသည်။

တွန်ဂါ(Tonga)နိုင်ငံသည် ပစိဖိတ် မီးတောင်ငလျင်ကြောတွင်တည်ရှိရာ ငလျင်မကြာခဏဖြစ်ပွား လေ့ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.