Connect with us

Africa & Middle East

အရှေ့အလယ်ပိုင်းဒေသတွင် အမေရိကန် စစ်တပ်ရှိနေခြင်းသည် ဒေသတွင်းမတည်မငြိမ် ဖြစ်ရသည့် အဓိကအကြောင်းအရင်းဖြစ်ဟု အီရန် ဆို

၂၀၁၈ ခုနှစ် အောက်တိုဘာ ၄ ရက်တွင် အီရန်ပြည်သူများက အီရန်နိုင်ငံဆိုင်ရာ အမေရိကန်သံရုံးရှေ့၌ ဆန့်ကျင်ဆန္ဒပြမှုများ ပြုလုပ်နေစဉ်(ဆင်ဟွာ)

တီဟီရန်၊ ဒီဇင်ဘာ ၂၃ ရက်(ဆင်ဟွာ)

အရှေ့အလယ်ပိုင်းဒေသတွင် အမေရိကန် စစ်တပ်ရှိနေခြင်းသည် ဒေသတွင်းမတည်မငြိမ်ဖြစ်ရသည့် အဓိကအကြောင်းအရင်းဖြစ်ကြောင်း အီရန်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနက က ဒီဇင်ဘာ ၂၂ရက် တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ဒေသတွင်း အမေရိကန်စစ်တပ် ရှိနေခြင်းသည် သင့်လျော်မှန်ကန်မှုမရှိသော မှားယွင်းမှုတစ်ခု ဖြစ်ရာ တင်းမာသည့်အခြေအနေများအား ပိုမိုဖြစ်လာစေကြောင်းနှင့် ဒေသပြင်ပအန္တရာယ်များကို ဖိတ်ခေါ်ရာရောက်ကြောင်း ၊ ၎င်းမှာ ဒေသတွင်း တည်ငြိမ်ရေးနှင်လုံခြုံရေးကို ထိခိုက်စေသည့် အဓိကအကြောင်းအရင်းဖြစ်ကြောင်း အဆိုပါကြေညာချက်တွင် ဖော်ပြထားသည်။

ပြင်ပအင်အားစုများ အရှေ့အလယ်ပိုင်းအရေးကိစ္စကို ကြားဝင်စွက်ဖက်ရခြင်းသည်အခြေအနေများကို ပိုမိုတင်းမာစေသလို ကွဲလွဲမှုများပိုမိုဖြစ်ပွားစေကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ဆီးရီးယားနိုင်ငံအတွင်း ISအစွန်းရောက်အဖွဲ့အား တိုက်ခိုက်ချေမှုန်းရာတွင် အောင်မြင်မှုများ ရရှိခဲ့သောကြောင့် ဆီးရီးယား နိုင်ငံမှ အမေရိကန်စစ်တပ်များကို ပြန်လည်ရုပ်သိမ်း နေပြီဖြစ်ကြောင်း အမေရိကန် အိမ်ဖြူတော် ဒီဇင်ဘာ ၁၉ ရက်တွင် ကြေညာခဲ့ကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117