Connect with us

Europe

ရုရှား တွင် သတ္တုတွင်း မီးလောင်မှု ကြောင့် ပိတ်မိနေသူ ၈ဦးသေဆုံး၊ တစ်ဦး ပျောက်ဆုံးနေဆဲ

ရုရှားနိုင်ငံ Solikamsk မြို့ ရှိ သတ္တုတွင်းတစ်ခုတွင် အလုပ်လုပ်နေသော မိုင်းလုပ်သားများအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

မော်စကို၊ ဒီဇင်ဘာ ၂၄ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံ Solikamsk မြို့ ရှိ ပိုတက်ဆီယမ် သတ္တုတွင်းတစ်ခု မီးလောင်မှုကြောင့် ပိတ်မိနေသည့် မိုင်းလုပ်သား ၉ဦးအနက် ၈ဦး၏ ရုပ်အလောင်းများကို ကယ်ဆယ်ရေးသမားများက ရှာဖွေတွေ့ရှိခဲ့ကြောင်း TASS သတင်းဌာနက ဒီဇင်ဘာ ၂၃ ရက်ကဖော်ပြခဲ့သည်။

ဒီဇင်ဘာ ၂၂ ရက်တွင် ရုရှားနိုင်ငံ Ural တောင်တန်းများအနီး Perm ဒေသ ရှိ သတ္တုမိုင်း၏ အနက် ၃၄၀မီတာ တွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး မြေအောက်တွင် အလုပ်လုပ်နေသော မိုင်းလုပ်သား ၁၇ဦးအနက် ၈ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။

ကယ်ဆယ်ရေးသမားများသည် သတ္တုမိုင်းအတွင်း ပိတ်မိနေသော နောက်ဆုံး မိုင်းလုပ်သားအား ရှာဖွေနေသော်လည်း ၎င်းအသက်ရှင်နိုင်မည့် အခွင့်အရေးမှာ အလွန်နည်းပါးကြောင်း ကယ်ဆယ်ရေးအဖွဲ့၏ ပြောကြားချက်ကို ကိုးကား၍ သတင်း၌ဖော်ပြခဲ့သည်။

သေဆုံးသူများ၏ ဆွေမျိုးများသည် အခင်းဖြစ်ပွားရာသို့ရောက်ရှိလာပြီး ဒေသခံအစိုးရက လိုအပ်သည့် ထောက်ပံ့မှုအားလုံးကို ဖြည့်ဆည်းပေးသွားမည်ဖြစ်ကြောင်း ကတိပေးခဲ့သည်။

Uralkali သတ္တုတွင်းကုမ္ပဏီ က မီးလောင်မှုသည် မိုင်းတွင်းအထဲရှိ ဆောက်လုပ်ရေး လုပ်ငန်းများကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင် က ယင်းဖြစ်စဉ်၏ အစီရင်ခံစာများကို နားထောင်ပြီး သေဆုံးသူများ၏ မိသားဝင်များကို ကူညီရန်အတွက် လိုအပ်သည့် ဆောင်ရွက်မှုအားလုံးကို လုပ်ဆောင်ပေးရန် ညွှန်ကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.