Connect with us

Europe

ဘီလာရုဇ်နိုင်ငံက တရုတ်နိုင်ငံနှင့် ခရီးသွားကဏ္ဍပူးပေါင်းဆောင်ရွက်မှုများကို တိုးချဲ့ဆောင်ရွက်သွားလို

တရုတ်နိုင်ငံ ချုံချင့်မြို့တွင်ကျင်းပခဲ့သော “ဘီလာရုဇ်နိုင်ငံ ခရီးသွားနှစ်” ဖွင့်ပွဲအခမ်းအနား မြင်ကွင်းအား တွေ့ရစဉ် (ဓာတ်ပုံ - အင်တာနက်)

မင့်စ်ခ် ၊ ဒီဇင်ဘာ ၂၃ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ၏“ဘီလာရုဇ်နိုင်ငံ ခရီးသွားနှစ်” ပိတ်ပွဲအခမ်းအနားကို ဘီလာရုဇ်နိုင်ငံ မြို့တော်မင့်စ်ခ် တွင် ဒီဇင်ဘာ ၂၂ ရက်က အောင်မြင်စွာ ကျင်းပခဲ့ရာ ဘီလာရုဇ်နိုင်ငံက တရုတ်နိုင်ငံနှင့် ခရီးသွား ကဏ္ဍပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်တိုးချဲ့လုပ်ဆောင်သွား လိုကြောင်း ပြောကြားခဲ့သည်။

အဆိုပါပိတ်ပွဲအခမ်းအနားတွင် ဘီလာရုဇ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် Petrishenkoက တရုတ်-ဘီလာရုဇ်နှစ်နိုင်ငံ၏ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုများသည် အဆက်မပြတ်တိုးတက်လျက်ရှိရာ ၎င်းတို့အနက် ခရီးသွားကဏ္ဍပူးပေါင်းဆောင်ရွက်မှုမှာ ဘီလာရုဇ်နိုင်ငံ၏ ဦးစားပေး ဆောင်ရွက်နေ သည့်လုပ်ငန်းတစ်ခုဖြစ်ကြောင်း ၊ အနာဂတ်တွင်လည်း နှစ်နိုင်ငံဆက်ဆံရေး တိုးတက်မှုအား သွေးသစ်လောင်းပေးမည့် ခရီးသွားကဏ္ဍ ပူးပေါင်းဖလှယ်မှုများကို ဆက်လက် မြှင့်တင်ဆောင်ရွက် သွားလိုကြောင်း ပြောကြားခဲ့သည်။

ယခုနှစ်တွင် တရုတ်ခရီးသွားများ အဆင်ပြေလွယ်ကူစေရန် ဘီလာရုဇ်နိုင်ငံက တရုတ်နိုင်ငံနှင့် ဗီဇာကင်းလွတ်ခွင့် သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးပြီးဖြစ်သလို တရုတ်ခရီးသွားများအတွက် ခရီးစဉ်သစ်များရေးဆွဲခြင်း ၊ ခရီးသွားနေရာများတွင် တရုတ်ဘာသာစကားဝန်ဆောင်မှုပေးခြင်း၊ ဘဏ်များက UnionPayကဒ်များဖြင့် ငွေပေးချေနိုင်အောင်လုပ်ဆောင်ပေးခြင်းများစသည့် ဝန်ဆောင်မှုများ ပြုလုပ်လျက် ရှိကြောင်း ဘယ်လာရုစ်နိုင်ငံ အားကစားနှင့်ခရီးသွားဝန်ကြီးဌာန ဒုတိယဝန်ကြီး Durnouက ပြောကြားခဲ့သည်။ ထို့အပြင် တရုတ်နိုင်ငံမှကျင်းပသော ခရီးသွားပြပွဲများ ကို တက်တက်ကြွကြွပါဝင်ခြင်း၊ တရုတ်ခရီးသွားကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်မှုများ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ခြင်းဖြင့် ဘီလာရုဇ်နိုင်ငံတွင်ရှိသော ခရီးသွားအရင်းအမြစ်များကို မိတ်ဆက်ပေးလျက်ရှိကြောင်း ပြောကြားခဲ့သည်။

ယခုနှစ်ပထမ ၁၀ လ တွင် ဘီလာရုဇ်နိုင်ငံသို့လာရောက်လည်ပတ်သော တရုတ်ခရီးသွားဦးရေမှာ လွန်ခဲ့သောနှစ်အလားတူကာလထက် ၁၂ ရာခိုင်နှုန်းတိုးမြင့်လာကြောင်း ၊ နောင်များတွင်လည်း တရုတ်နိုင်ငံမှ မိတ်ဆွေများ ပိုမိုများပြားစွာ ဘီလာရုဇ်သို့လာရောက်လည်ပတ်စေလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဘီလာရုဇ်နိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး Cui Qimingကလည်း ခေတ်သစ်ပိုးလမ်းမကြီး စီမံကိန်းအောက်တွင် နှစ်နိုင်ငံသည် ကဏ္ဍစုံနယ်ပယ်စုံ လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများ အရှိန်အဟုန်မြင့်တိုးတက်လျက်ရှိရာ အောင်မြင်မှုများလည်းရရှိခဲ့ကြောင်း ၊ နှစ်နိုင်ငံ ခရီးသွားလာရေးနှင့်ယဉ်ကျေးမှု ပူးပေါင်းဖလှယ်ရေးလုပ်ငန်းများ တဆတဆကျယ်ကျယ်ပြန့်ပြန့် ထဲထဲဝင်ဝင်ရှိနေရာ ၎င်းမှာ နှစ်နိုင်ငံပြည်သူများအကြား အပြန်အလှန်နားလည်မှုနှင့်ချစ်ကြည်ရေးကို တိုးပွားအောင် အကျိုးပြုနိုင်သလို အခြားကဏ္ဍပူးပေါင်းဆောင်ရွက်မှုများအတွက် တွန်းအားပေး ရာရောက်ကြောင်း ပြောကြားခဲ့သည်။

ယခုနှစ်သည် တရုတ်နိုင်ငံ၏“ဘီလာရုဇ်နိုင်ငံ ခရီးသွားနှစ်”ဖြစ်ကြောင်း၊ ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီလ ၁၀ရက်က တရုတ်နိုင်ငံ ချုံချင့်မြို့တွင် ကျင်းပခဲ့ကြောင်း သိရသည်။ (Xinhua)