ဝါရှင်တန်၊နိုဝင်ဘာ ၂၂ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ တန်နက်စ်စီ(Tennessee) ပြည်နယ်၌ နိုဝင်ဘာလ ၂၁ ရက်က ကျောင်းကြိုယာဉ်တစ်စီးသည် လမ်းဘေးသစ်ပင်အား ဝင်တိုက်ခဲ့ပြီးနောက် တိမ်းမှောက်သွားခဲ့ရာ အနည်းဆုံးကလေးငယ် ၆ ဦးသေဆုံးပြီး ၂၃ ဦးကျော် ထိခိုက်ဒဏ်ရာရသွားကြောင်း ဒေသဆိုင်ရာအာဏာပိုင်များက ပြောကြားခဲ့သည်။
ဝါရှင်တန် ၊ နိုဝင်ဘာ ၂၂ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံသမ္မတ အဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံထားရသော ဒေါ်နယ်ထရမ့်က ၎င်းရုံးတက်သည့် ပထမဦးဆုံးနေ့တွင် (TPP) Trans-Pacific ပူးပေါင်းဆောင်ရွက်မှုအဖွဲ့မှ နှုတ်ထွက်ခြင်းကို ပြုလုပ်သွားမည်ဖြစ်ကြောင်း နိုဝင်ဘာလ ၂၁ ရက်က ထုတ်ဖော်ကြေညာလိုက်သည်။
လီမာ ၊ နိုဝင်ဘာ ၂၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် နှင့် ဂျပန်နိုင်ငံဝန်ကြီးချုပ် ရှင်ဇိုအာဘေးတို့သည် လီမာမြို့၌ ကျင်းပသော အာရှ-ပစိဖိတ် စီးပွားရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှု ( APEC) နိုင်ငံခေါင်းဆောင်များအစည်းအဝေးအပြီးတွင် ခဏကြာ သီးသန့်တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့ကြောင်း တရုတ်နိုင်ငံကိုယ်စားလှယ်အဖွဲ့ပြောရေးဆိုခွင့်ရှိသူက နိုဝင်ဘာလ ၂ဝ ရက်တွင်ပြောကြားခဲ့သည်။
ဘရူနို အေးရိစ်၊ နိုဝင်ဘာ ၂၁ရက် (ဆင်ဟွာ) အာဂျင်တီးနားနိုင်ငံတွင် မွေးရာပါဉာဏ်ရည်နိမ့်ရောဂါ (Down syndrome) အကြောင်း ပြည်သူလူထု ပိုမို သိရှိစေရန် နှင့် အာဂျင်တီးနားမွေးရာပါဉာဏ်ရည်နိမ့်ရောဂါ အဖွဲ့အစည်းသို့ ငွေကြေးလှူဒါန်းရန်အတွက် အာဂျင်တီးနားနိုင်ငံသားအချို့သည် နိုဝင်ဘာ ၂၀ရက်က မီတာ ၅၀၀အရှည်ရှိသည့် ပီဇာကြီးအား ပြုလုပ်ခဲ့ကြောင်း သိရသည်။
မက္ကဆီကိုစီးတီး ၊ နိုဝင်ဘာ ၂၁ ရက်(ဆင်ဟွာ) အာဂျင်တီးနားနိုင်ငံ အနောက်-အလယ်ပိုင်း၌ နိုဝင်ဘာလ ၂ဝ ရက် ဒေသစံတော်ချိန် ညနေ ၅ နာရီ ၅၇ မိနစ်တွင် ပြင်းအား ၆.၄ အဆင့်ရှိ အင်အားပြင်းငလျင်တစ်ခုလှုပ်ခတ်သွားကြောင်း အမေရိကန်ဘူမိဗေဒတိုင်းတာရေး( USGS) က သတင်းထုတ်ပြန်ခဲ့သည်။
အန်ကာရာ ၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ) တူရကီနိုင်ငံမှ ဂျက်တိုက်လေယာဉ်များသည် Euphrates ဒိုင်းစစ်ဆင်ရေးအောက်တွင် ဆီးရီးယားနိုင်ငံမြောက်ပိုင်း Al-Bab မြို့အနီးရှိ အိုင်အက်စ်အကြမ်းဖက်သမားများရှိရာ ပစ်မှတ် ၁၇ ခုကို နိုဝင်ဘာလ ၂ဝ ရက် ညပိုင်းက တိုက်ခိုက်ချေမှုန်းခဲ့ကြောင်း Anadolu အေဂျင်စီက သတင်းဖော်ပြခဲ့သည်။
ကိုလံဘို၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ) သီရိလင်္ကာနိုင်ငံသည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်များ၏ အစိတ်အပိုင်း တစ်ရပ်အဖြစ် သက္ကရာဇ် ၂၀၃၀ ခုနှစ်တွင် အေအိုင်ဒီအက်စ် ကပ်ရောဂါ ပပျောက်ရေး အားထုတ် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေ (UNFPA) က ပြောကြားလိုက်သည်။
ကွာလာလမ်ပူ ၊ နိုဝင်ဘာ ၂ဝ ရက် (ဆင်ဟွာ) မလေးရှားနိုင်ငံရဲတပ်ဖွဲ့သည် ကွာလာလမ်ပူမြို့၌ အတိုက်အခံပါတီမှဦးဆောင်၍ ကြီးမားသောလူထုအုံကြွမှုပြုလုပ်ရန် ကြိုးပမ်းမှုဖြင့် ဦးဆောင်လှုပ်ရှားသူ ဒါဇင်ပေါင်းများစွာကို နိုဝင်ဘာလ ၁၉ ရက်က ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်းသိရသည်။
ဝါဆော၊ နိုဝင်ဘာလ ၁၉ ရက် (ဆင်ဟွာ) ၂၄ ကြိမ်မြောက် ကုလသမဂ္ဂ ရာသီဥတု ပြောင်းလဲခြင်းဆိုင်ရာ ညီလာခံအား ၂၀၁၈ ခုနှစ်တွင် ပိုလန်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည် ဖြစ်ကြောင်း ပိုလန်နိုင်ငံ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူ Pawel Mucha က...
မဲလ်ဘုန်း၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ) လတ်တလော ထုတ်လွှင့်ပြထားသည့် အိုင်အက်စ် ဝါဒဖြန့် ဗီဒီယိုတွင် သြစတြေးလျနိုင်ငံ မြို့တော် မဲလ်ဘုန်း၏ အထင်ကရ နေရာ အတော်များများ ပါဝင်နေကြောင်း သိရသည်။