Connect with us

North America

အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် က မြောက်ကိုရီးယား နိုင်ငံ ခေါင်းဆောင် ကင်ဂျုံအမ်း နှင့် ထပ်မံ တွေ့ဆုံဖွယ်ရှိကြောင်း ပြောကြား

အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် နှင့် မြောက်ကိုရီးယား နိုင်ငံ အမြင့်ဆုံး ခေါင်းဆောင် ကင်ဂျုံအမ်း တို့ တွေ့ဆုံစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ သြဂုတ် ၂၁ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် က မိမိ အနေဖြင့် မြောက်ကိုရီးယား နိုင်ငံ အမြင့်ဆုံး ခေါင်းဆောင် ကင်ဂျုံအမ်း နှင့် တွေ့ဆုံဆွေးနွေးမှု ထပ်မံ ကျင်းပ ပြုလုပ်သွားဖွယ်ရှိကြောင်း သြဂုတ်လ ၂၀ ရက် ၌ ပြောကြား ခဲ့သည်။

ဒေါ်နယ်ထရမ့် က မြောက်ကိုရီးယား နိုင်ငံ အနေဖြင့် နျူကလီးယား စမ်းသပ် မှု အား ရပ်ဆိုင်းလိုက်ပြီး ဖြစ်သောကြောင့် နျူကလီးယား ကင်းစင်ရေး အတွက် အထူး ဆောင်ရွက်မှုများ ပြုလုပ်နေသည် ကို ယုံကြည်ကြောင်း ၊ မိမိ နှင့် ကင်ဂျုံအမ်း အကြား ဆက်ဆံရေး မှာလည်း လွန်စွာ ကောင်းမွန်ကြောင်း မီဒီယာ နှင့် တွေ့ဆုံမေးမြန်းမှု တွင် ပြောကြား ခဲ့သည်။

သို့သော် ဒေါ်နယ်ထရမ့် အနေဖြင့် ကင်ဂျုံအမ်း နှင့် ထပ်မံ တွေ့ဆုံမည့် တည်နေရာ နှင့် အချိန် နှင့် ပတ်သက်၍ အတိအကျ ပြောကြား ခဲ့ခြင်း မရှိကြောင်း သိရှိရသည်။

ဒေါ်နယ်ထရမ့် နှင့် ကင်ဂျုံအမ်း တို့ က ယခု နှစ် ဇွန်လ ၁၂ ရက် က စင်ကာပူ နိုင်ငံ တွင် ထိပ်သီး ဆွေးနွေးပွဲ တစ်ရပ် ကျင်းပ ပြုလုပ် ခဲ့ပြီး ပူးတွဲကြေညာ စာတမ်းအား ထုတ်ပြန် ကြေညာ ခဲ့သည်။ ကြေညာစာတမ်း တွင် ခေတ်သစ် အမေရိကန်-မြောက်ကိုရီးယား ဆက်ဆံရေး အား တည်ထောင်ရန် ၊ ကိုရီးယား ကျွန်းဆွယ် ရေရှည်တည်ငြိမ်အေးချမ်းရေး အတွက် မူဘောင်တည်ဆောက်ရန် တို့ ပါဝင် ခဲ့သည်။ဒေါ်နယ်ထရမ့် အနေဖြင့် မြောက်ကိုရီးယား နိုင်ငံ အား လုံခြုံရေး အာမခံချက် ရရှိအောင် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ကတိပြု ခဲ့ပြီး ကင်ဂျုံအမ်း အနေဖြင့်လည်း ကိုရီးယား ကျွန်းဆွယ် နျူကလီးယား ကင်းစင်ရေး နှင့် ပတ်သက်၍ ထပ်မံ ကတိပြုခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.