Connect with us

Europe

အီတလီ နိုင်ငံ တောင်ပိုင်း ဒေသ တွင် ရုတ်တရက် ရေကြီးမြေပြိုမှု ဖြစ်ပွား ခဲ့ရာ လူပေါင်း အနည်းဆုံး ၁၀ ဦး သေဆုံး

- အီတလီ နိုင်ငံ တောင်ပိုင်း ရေကြီးမြေပြိုမှု ဖြစ်ပွား ခဲ့သည့် Calabria တောင်ကြား ဒေသ အား မြင်တွေ့ရစဉ်(ဓာတ်ပုံ-google maps)

ရိုးမား ၊ သြဂုတ် ၂၁ ရက် (ဆင်ဟွာ)

အီတလီ နိုင်ငံ တောင်ပိုင်း Calabria တောင်ကြား ဒေသ တွင် သြဂုတ်လ ၂၀ ရက် ၌ ရုတ်တရက် မိုးသည်းထန်စွာ ရွာသွန်း ခဲ့ပြီး ရေကြီးမြေပြိုမှု ဖြစ်ပွား ခဲ့ပြီး တောင်ကြား ဒေသ အတွင်း ရှိ တောင်တက် ဝါသနာရှင် အနည်းဆုံး ၁၀ ဦး သေဆုံး ခဲ့ရကြောင်း သိရှိရသည်။

အီတလီ နိုင်ငံ ပြည်သူ့ကာကွယ်ရေး ဌာန ၏ ထုတ်ပြန်ချက်အရ ရေကြီးမြေပြိုမှု ဖြစ်ပွား ချိန်တွင် တောင်ကြားဒေသ ၌ အနည်းဆုံး လူပေါင်း ၃၆ ဦး ပါဝင်သည့် တောင်တက်သမား အဖွဲ့ ၂ ဖွဲ့ တည်ရှိနေကြောင်း ၊ ကျောက်တုံး ၊ ကျောက်ခဲ များ ရောပါနေသည့် ရုတ်တရက် ရေကြီးမှုကြောင့် တောင်တက်သမား များ တိမ်းရှောင်ချိန် မရရှိနိုင်ခဲ့ကြောင်း ၊ ၎င်းတို့ အနက် ၁၆ ဦး အား ကယ်ဆယ်နိုင်ခဲ့ပြီး ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ၊ ဒဏ်ရာ လွန်စွာ ပြင်းထန်သူများအား ရဟတ်ယာဉ်ဖြင့် ဆေးရုံ သို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။

သြဂုတ်လ ၂၀ ရက် အချိန်ထိ တောင်တက်သမား အချို့ မှာ သတ်မှတ်ထားသည့် စာရင်းပေးသွင်းမှု များ ပြုလုပ်ခြင်း မရှိသောကြောင့် ပျောက်ဆုံးသူ စုစုပေါင်း စာရင်း ကို မသိရှိနိုင်သေးဘဲ သေဆုံးသူများ ၏ နိုင်ငံစာရင်း ကိုလည်း မသိရှိသေးကြောင်း ၊ သတင်းဖော်ပြချက်များအရ သေဆုံးသူ အများစု မှာ အီတလီ နိုင်ငံသား များဖြစ်ကြကြောင်း သိရှိရသည်။

အချင်းဖြစ်ပွား ခဲ့သည့် တောင်ကြားဒေသ မှာ မြေအနေအထား လွန်စွာ အန္တရာယ် များသည့် ဒေသ တစ်ခု ဖြစ်ပွား နှစ်စဉ် အချိန် အတိုင်းအတာ တစ်ခု အတွင်း ဝင်ရောက်ခြင်း အား ကန့်သတ် ထားကြောင်း ၊ သက်ဆိုင်ရာ ဌာန များအနေဖြင့် တောင်ကြား ဒေသ သို့ ဝါရင့် တောင်တက်သမား များသာ ဝင်ရောက်ရန် အကြံပြု ခဲ့ပြီး အချင်းဖြစ်ပွား ချိန်တွင် တောင်ကြားဒေသ အတွင်း နာရီပေါင်း အနည်းငယ် လေပြင်းတိုက်ခိုက်မှု နှင့် မိုးသည်းထန်စွာ ရွာသွန်းမှု ဖြစ်ပွား ခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117