Connect with us

Europe

တူရကီရဲတပ်ဖွဲ့က အမေရိကန် သံရုံးကို သေနတ်ပစ်ခတ်သူဟု သံသယရှိသူ ၂ ဦးအား ဖမ်းဆီး

သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့သည့် တူရကီနိုင်ငံဆိုင်ရာ အမေရိကန် သံရုံးအား တွေ့ရစဉ်(ဆင်ဟွာ)

အန်ကာရာ ၊ သြဂုတ် ၂၁ ရက်(ဆင်ဟွာ)

တူရကီနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးအား သေနတ်ပစ်ခတ်တိုက်ခိုက်သူဟု သံသယရှိသူ နှစ်ဦးကို ဖမ်းဆီးရမိပြီး တိုက်ခိုက်ရာတွင် အသုံးပြုသည့် သေနတ်နှင့်မော်တော်ယာဉ်ကိုလည်း သိမ်းဆည်း နိုင်ခဲ့ကြောင်း အန်ကာရာ ပြည်နယ် အစိုးရက သြဂုတ် ၂၀ ရက်တွင် ပြောကြားခဲ့သည်။

ဖမ်းဆီးရမိသူ ၂ ဦးစလုံးမှာ တူရကီနိုင်ငံသားဖြစ်ပြီး ယခင်ပြစ်မှုမှတ်တမ်းရှိသူများ ဖြစ်ကြောင်း၊ ၎င်းတို့က ထိုတိုက်ခိုက်မှုမှာ ၎င်းတို့၏လက်ချက်ဖြစ်သည်ဟု မငြင်းဆန်ဘဲ ဝန်ခံခဲ့ကြောင်း ၊လက်ရှိ ပြစ်မှုကျူးလွန်သည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးဆဲဖြစ်ကြောင်း အန်ကာရာပြည်နယ်အစိုးရ၏ ယင်းနေ့တွင် ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။

သြဂုတ် ၂၀ရက် ဒေသစံတော်ချိန် ၅ နာရီခန့်က တူရကီမြို့တော် အန်ကာရာရှိ အမေရိကန်သံရုံးကို အမည်မသိသေနတ်သမားက သေနတ်ဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှုတွင် သေဆုံး ဒဏ်ရာရမှုများမရှိကြောင်းသိရသည်။

အဆိုပါတိုက်ခိုက်မှုနှင့်စပ်လျဉ်း၍ တူရကီသမ္မတအိမ်တော်မှ ပြောရေးဆိုခွင့်ရှိသူ Ibrahim Kalin က “ဒါဟာ အခြေအနေရှုပ်ထွေးအောင် ဖန်တီးတာ သိသာတယ်။” ဟု ၎င်း၏တွစ်တာလူမှုကွန်ရက်တွင် ရေးသားခဲ့သည်။

အမေရိကန်သံရုံးနှင့်ဝန်ထမ်းများ၏လုံခြုံရေးအတွက် တူရကီမှဆောင်ရွက်သွားမည်ဖြစ်ကြောင်း တူရကီနိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ယခုရက်ပိုင်းများတွင် တူရကီနှင့်အမေရိကန်၏ဆက်ဆံရေးအခြေအနေ အဆက်မပြတ်တင်းမာလျက် ရှိရာ တူရကီအချို့က အမေရိကန်ဆန့်ကျင်ရေး ဆန္ဒများ ပြင်းပြလျက်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.