Connect with us

Asia

အိန္ဒိယ နိုင်ငံ ဝန်ကြီးချုပ် က ပါကစ္စတန် နိုင်ငံ နှင့် ထိရောက်ပြီး အပြုသဘောဆောင်သည့် တွေ့ဆုံမှု မျိုး ပြုလုပ် လိုကြောင်း ပြောကြား

အိန္ဒိယ နိုင်ငံ ဝန်ကြီးချုပ် မိုဒီ က မြို့တော် နယူးဒေလီ တွင် ကျင်းပ သည့် အခမ်းအနား တွင် မိန့်ခွန်း ပြောကြား နေစဉ်(ဆင်ဟွာ)

နယူးဒေလီ ၊ သြဂုတ် ၂၁ ရက် (ဆင်ဟွာ)

အိန္ဒိယ နိုင်ငံ ဝန်ကြီးချုပ် မိုဒီ က သြဂုတ်လ ၁၈ ရက် ၌ ပါကစ္စတန် နိုင်ငံ ဝန်ကြီးချုပ်သစ် Imran Khan ထံသို့ ဂုဏ်ပြု သဝဏ်လွှာ ပေးပို့ ခဲ့ပြီး ထိရောက် ပြီး အပြုသဘောဆောင်သည့် တွေ့ဆုံမှု မျိုး ပြုလုပ် လိုကြောင်း ပြောကြား ခဲ့သည် ဟု အိန္ဒိယ နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန က သြဂုတ်လ ၂၀ ရက် ၌ အတည်ပြု ထုတ်ပြန် ခဲ့သည်။

အိန္ဒိယ နိုင်ငံ ဝန်ကြီးချုပ် က သဝဏ်လွှာ တွင် အိန္ဒိယ နိုင်ငံ အနေဖြင့် ပါကစ္စတန် နိုင်ငံ နှင့် ချစ်ခင်ရင်းနှီးသည့် အိမ်နီးချင်း နိုင်ငံ ဆက်ဆံရေး တည်ဆောက်ရန် အတွက် အလေးထား ဆောင်ရွက်သွားမည် ဖြစ်ပြီး တောင်အာရှ ဒေသ အား အကြမ်းဖက်ဝါဒ ကင်းစင် သည့် ဒေသ တစ်ခု ဖြစ်တည်ရန် အတွက် အတူကတွ ပူးပေါင်း ဆောင်ရွက် သွားလိုကြောင်း ပြောကြား ခဲ့သည်။

အိန္ဒိယ နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန မှ တာဝန်ရှိသူ တစ်ဦး က မိုဒီ အနေဖြင့် ပါကစ္စတန် နိုင်ငံ ဝန်ကြီးချုပ်သစ် နှင့် ဖုန်းဖြင့် ဆက်သွယ်ပြောဆိုမှုလည်း ပြုလုပ်ခဲ့ကြောင်း ၊ ဖုန်းဖြင့် ဆက်သွယ်ပြောကြား စဉ် အတွင်း နှစ်ဦးနှစ်ဖက် အနေဖြင့် တောင်အာရှ ငြိမ်းချမ်းရေး ၊ လုံခြုံရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် အတူကတွ ကြိုးပမ်းဆောင်ရွက်သွားရန် သဘောတူ ခဲ့ကြကြောင်း ပြောကြား ခဲ့သည်။

ပါကစ္စတန် နိုင်ငံ တွင် သြဂုတ်လ ၁၈ ရက် နံနက်ပိုင်း အချိန်တွင် ဝန်ကြီးချုပ်သစ် ကျမ်းသစ္စာ ကျိန်ဆိုပွဲ အခမ်းအနား ကျင်းပ ပြုလုပ် ခဲ့ပြီး Imran Khan က ပါကစ္စတန် နိုင်ငံ ဝန်ကြီးချုပ် အဖြစ် တရားဝင် စတင် တာဝန်ယူ ခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.