ကဘူးလ်၊ သြဂုတ် ၁၅ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း ပူးတွဲစစ်စခန်းတစ်ခုအား သန်းခေါင်ယံအချိန်တွင် တာလီဘန်စစ်သွေးကြွတို့ ဝင်ရောက်တိုက်ခိုက်မှုကြောင့် အနည်းဆုံး အာဖဂန်လုံခြုံရေးတပ်ဖွဲ့ဝင် ၄၅ဦး သေဆုံးခဲ့ကြောင်း ပြည်တွင်း မီဒီယာ Tolo News ရုပ်သံလိုင်းက သြဂုတ် ၁၅ ရက်တွင် ဖော်ပြခဲ့သည်။
အာဘူဂျာ ၊ သြဂုတ် ၁၅ ရက်(ဆင်ဟွာ) နိုင်ဂျီးရီးယားနိုင်ငံ မြောက်ပိုင်း Kano ပြည်နယ်တွင် လွန်ခဲ့သော ၇ လ အတွင်း ကာလဝမ်းရောဂါ ကြောင့် သေဆုံးသူ ၂၈ ဦး ရှိပြီဖြစ်ကြောင်း ဒေသခံအရာရှိတစ်ဦးက သြဂုတ် ၁၄ ရက်တွင် ပြောကြား ခဲ့သည်။
ကွိုက်တို၊ သြဂုတ် ၁၅ ရက် (ဆင်ဟွာ) အီကွေဒေါနိုင်ငံ တွင် သြဂုတ် ၁၄ ရက် အစောပိုင်းက ကိုလံဘီယာ နှင့် ဗင်နီဇွဲလားနိုင်ငံသားများ လိုက်ပါလာသည့် ဘတ်စ်ကားတစ်စီး မတော်တဆဖြစ်ပွားခဲ့၍ လူ ၂၄ဦးသေဆုံးပြီး အခြားလူ ၂၂ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကွိုက်တို မီးသတ်ဌာနကပြောကြားခဲ့သည်။
ဆန်ဒီယာဂို ၊ သြဂုတ် ၁၅ ရက်(ဆင်ဟွာ) ချီလီနိုင်ငံ အလယ်ပိုင်း Biobioဒေသ Chiguayanteမြို့ရှိ ဘိုးဘွားရိပ်သာတစ်ခု သြဂုတ် ၁၄ ရက်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ရာ လူ ၁၀ ဦး သေဆုံးပြီး ၁ ဦး မီးလောင်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဆာနား၊ သြဂုတ် ၁၅ ရက် (ဆင်ဟွာ) ယီမင်နိုင်ငံ မြောက်ပိုင်း ဆားဒါပြည်နယ်တွင် မကြာသေးမီက ကျောင်းကားတစ်စီးအား လေကြောင်းမှ တိုက်ခိုက်မှုပြုလုပ်ခဲ့၍ သေဆုံးသွားသူ ၅၁ဦးအနက် အယောက် ၄၀မှာ ကလေးငယ်များဖြစ်ကြောင်း နိုင်ငံတကာကြက်ခြေနီအဖွဲ့ (ICRC) က သြဂုတ် ၁၄ ရက်တွင်ပြောကြားခဲ့သည်။
ရောမ ၊ သြဂုတ် ၁၅ ရက်(ဆင်ဟွာ) အီတလီနိုင်ငံ မြောက်ပိုင်း Genoa ဒေသရှိ ယာဉ်သွားလမ်းတံတားတစ်ခု သြဂုတ်လ ၁၄ ရက်တွင် ကျိုးကျမှုကြောင့် အနည်းဆုံး လူ အယောက် ၂၀ သေဆုံးခဲ့ကြောင်း သိရသည်။
ကဘူးလ်၊ သြဂုတ် ၁၄ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ Ghazniပြည်နယ် Ghazniမြို့တွင် တာလီဘန်လက်နက်ကိုင်များနှင့် ရက်ဆက် တိုက်ပွဲများဖြစ်ပွားခဲ့ရာ တာလီဘန် ၁၉၄ ဦးအား ပစ်ခတ်ရှင်းလင်းနိုင်ခဲ့ကြောင်း အာဖဂန်ကာကွယ်ရေး ဝန်ကြီးTariq Shah Bahramiက သြဂုတ် ၁၃ ရက်တွင် မီဒီယာများအား အတည်ပြုပြောကြားခဲ့သည်။
ထရီပိုလီ၊ သြဂုတ် ၁၄ ရက် (ဆင်ဟွာ) လစ်ဗျားနိုင်ငံ အရှေ့ပိုင်းအခြေစိုက် စစ်တပ် သည် သြဂုတ် ၁၃ရက်တွင် နိုင်ငံအရှေ့ပိုင်း၌ ချုံခိုတိုက်ခိုက်မှုတစ်ခုပြုလုပ်ခဲ့ရာ စစ်သွေးကြွ ၁၄ဦးကို သုတ်သင်ရှင်းလင်းနိုင်ခဲ့ကြောင်း သိရသည်။
ဆစ်ဒနီ ၊ သြဂုတ် ၁၄ ရက်(ဆင်ဟွာ) သြစတြေးလျနိုင်ငံ အနောက်ပါပူဝါ၌ အပေါ့စားလေယာဉ်ငယ် တစ်စင်းပျက်ကျရာတွင် အသက် ၁၂ နှစ်အရွယ် ယောကျ်ားလေးတစ်ဦး အသက်ရှင်လွတ်မြောက်သွားကြောင်း ၊ ၎င်းကလေးငယ်၏ ဖခင်သည် ဆွစ်ဇာလန်နိုင်ငံထုတ် Pilatus PC-6 လေယာဉ်ပေါ်မှ ခုန်ထွက်စဉ် ကလေးငယ်ကို လက်မောင်း၌ ပွေ့ချီထားခဲ့ကြောင်း နှင့်...
ပြုံယမ်း၊ သြဂုတ် ၁၄ ရက်(ဆင်ဟွာ) တောင်-မြောက်ကိုရီးယားနှစ်နိုင်ငံ ထိပ်သီးအစည်းအဝေးကို စက်တင်ဘာလတွင် ကျင်းပရန် သြဂုတ် ၁၃ ရက်က ကျင်းပခဲ့သည့် နှစ်နိုင်ငံအဆင့်မြင့်တွေ့ဆုံဆွေးနွေးပွဲတွင် သဘောတူညီမှုရရှိခဲ့ကြောင်း မြောက်ကိုရီးယား ဗဟို သတင်းအေဂျင်စီ(KCNA)၏ သတင်းများအရ သိရသည်။