Connect with us

Asia

တောင်-မြောက်ကိုရီးယား နှစ်နိုင်ငံ ထိပ်သီးအစည်းအဝေးကို စက်တင်ဘာလ ပြုံယမ်းတွင် ကျင်းပမည်ဟု မြောက်ကိုရီးယားမီဒီယာများက အတည်ပြုပြောကြား

တောင်-မြောက်ကိုရီးယား အဆင့်မြင့်တွေ့ဆုံဆွေးနွေးပွဲကျင်းပနေစဉ် (ဆင်ဟွာ)

ပြုံယမ်း၊ သြဂုတ် ၁၄ ရက်(ဆင်ဟွာ)

တောင်-မြောက်ကိုရီးယားနှစ်နိုင်ငံ ထိပ်သီးအစည်းအဝေးကို စက်တင်ဘာလတွင် ကျင်းပရန် သြဂုတ် ၁၃ ရက်က ကျင်းပခဲ့သည့် နှစ်နိုင်ငံအဆင့်မြင့်တွေ့ဆုံဆွေးနွေးပွဲတွင် သဘောတူညီမှုရရှိခဲ့ကြောင်း မြောက်ကိုရီးယား ဗဟို သတင်းအေဂျင်စီ(KCNA)၏ သတင်းများအရ သိရသည်။

ယခုတွေ့ဆုံဆွေးနွေးပွဲမှာ သမိုင်းဝင် ပန်မွန်ဂျုံကြေညာချက်ကို အကောင်အထည်ဖော်သည့် ဒုတိယ အကြိမ်မြောက် တောင်-မြောက် ကိုရီးယား အဆင့်မြင့်တွေ့ဆုံဆွေးနွေးပွဲဖြစ်ကြောင်း၊ အဆိုပါ တွေ့ဆုံ ဆွေးနွေးပွဲကို ကိုရီးယား ပြန်လည်ပေါင်းစည်းရေးနှင့်ငြိမ်းချမ်းရေးဆိုင်ရာ မြောက်ကိုရီးယား ကော်မတီ (CPRK) ဥက္ကဋ္ဌ Ri Son Gwonနှင့် တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာနဝန်ကြီး Cho Myoung-gyonတို့ ပါဝင်ရောက်ခဲ့ကြ ကြောင်းသိရသည်။ ဆွေးနွေးပွဲတွင် ပန်မွန်ဂျုံကြေညာချက်ကို အကောင်အထည်ဖော်မှု အခြေအနေ နှင့် နောက်ထပ်ဆောင်ရွက်ရန် ကိစ္စရပ်များကို အသေးစိတ် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ၊ ထို့အပြင် တောင်-မြောက်ကိုရီးယား နှစ်နိုင်ငံ ထိပ်သီး အစည်းအဝေးကို စက်တင်ဘာလ ပြုံယမ်းတွင် ကျင်းပရန် သဘောတူညီခဲ့ကြကြောင်း သိရသည်။

ယခုနှစ် ဧပြီလ ၂၇ ရက်တွင် တောင်-မြောက်ကိုရီးယား နှစ်နိုင်ငံခေါင်းဆောင်သည် ပန်မွန်ဂျုံတွင် တွေ့ဆုံ၍ ပန်မွန်ဂျုံကြေညာချက်ကို လက်မှတ်ရေးထိုးပြီး မြောက်ကိုရီးယား ကျွန်းဆွယ် နျူကလီးယား ကင်းစင်ရေးနှင့် ငြိမ်းချမ်းရေး သင့်မြတ်ရေး လမ်းစဉ်ကို လျှောက်လှမ်းရန် ကြေညာခဲ့သည်။ မေလ ၂၆ ရက် တွင် နှစ်နိုင်ငံခေါင်းဆောင် ထပ်မံတွေ့ဆုံခဲ့ပြီး ပန်မွန်ဂျုံကြေညာချက်ကို အကောင်အထည်ဖော် ရန်နှင့် မြောက်ကိုရီးယား-အမေရိကန် နှစ်နိုင်ငံခေါင်းဆောင် တွေ့ဆုံဆွေးနွေးရေး ကိစ္စရပ် များကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.