Connect with us

Africa & Middle East

ယီမင်ကျောင်းကား အား လေကြောင်းမှ တိုက်ခိုက်ခဲ့၍ ကလေးငယ် ၄၀ဦးအပါအဝင် အခြားလူအများအပြားသေဆုံး


ဆာနား၊ သြဂုတ် ၁၅ ရက် (ဆင်ဟွာ)

ယီမင်နိုင်ငံ မြောက်ပိုင်း ဆားဒါပြည်နယ်တွင် မကြာသေးမီက ကျောင်းကားတစ်စီးအား လေကြောင်းမှ တိုက်ခိုက်မှုပြုလုပ်ခဲ့၍ သေဆုံးသွားသူ ၅၁ဦးအနက် အယောက် ၄၀မှာ ကလေးငယ်များဖြစ်ကြောင်း နိုင်ငံတကာကြက်ခြေနီအဖွဲ့ (ICRC) က သြဂုတ် ၁၄ ရက်တွင်ပြောကြားခဲ့သည်။

ယီမင်နိုင်ငံ ရှိ ICRC ၏ ကိုယ်စားလှယ်အဖွဲ့ အကြီးအကဲ Johannes Bruwer က လေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသူ ၇၉ဦး အနက် ၅၆ဦးမှာလည်း ကလေးငယ်များဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပြောကြားခဲ့သည်။

ယီမင်ကျောင်းကား အား လေကြောင်းမှ တိုက်ခိုက်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများ နှင့် ဒဏ်ရာရရှိသူ ကလေးငယ်များအားတွေ့ရစဉ် (ဆင်ဟွာ)

ယီမင်ကျောင်းကား အား လေကြောင်းမှ တိုက်ခိုက်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများ နှင့် ဒဏ်ရာရရှိသူ ကလေးငယ်များအားတွေ့ရစဉ် (ဆင်ဟွာ)

ဆားဒါပြည်နယ် အာဏာပိုင်များ၏ နောက်ဆုံးထုတ်ပြန်ချက်အရ သေဆုံးဒဏ်ရာရရှိသူ ၁၃၀ဦး တွင် ကလေးငယ် ၄၀ဦးအပါအဝင် သေဆုံးသူ ၅၁ဦး နှင့် ကလေးငယ် ၅၆ဦးအပါအဝင် ဒဏ်ရာရရှိသူ ၇၉ဦး ရှိကြောင်း သိရသည်။

သြဂုတ် ၉ ရက်တွင် အီရန်မိတ်ဖက် ဟူသီသူပုန်များ ၏ အဓိက ခြေကုပ်စခန်းဖြစ်သည့် ဆားဒါပြည်နယ် ရှိ Dhahyan ဈေးရှိ ကျောင်းကားတစ်စီးကို လေကြောင်းတိုက်ခိုက်မှု ၂ခုပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟူသီသူပုန်များက ယင်းတိုက်ခိုက်မှုအတွက် ဆော်ဒီဦးဆောင်သော ညွှန့်ပေါင်းတပ်ဖွဲ့အား ပြစ်တင်ဝေဖန်ထားပြီး ၎င်းကိစ္စရပ်ကြောင့် ယီမင်နိုင်ငံတစ်ဝန်း မကျေနပ်ဒေါသဖြစ်မှုများဖြစ်ပေါ်စေခဲ့ကာ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့အစည်းများကလည်း ပြစ်တင်ရှုတ်ချခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.