Connect with us

Africa & Middle East

လစ်ဗျားတွင် စစ်သွေးကြွ ၁၄ဦး အား သုတ်သင်နိုင်ခဲ့

လစ်ဗျားတပ်ဖွဲ့ဝင်တစ်ချို့အားတွေ့ရစဉ် (ဆင်ဟွာ)

ထရီပိုလီ၊ သြဂုတ် ၁၄ ရက် (ဆင်ဟွာ)

လစ်ဗျားနိုင်ငံ အရှေ့ပိုင်းအခြေစိုက် စစ်တပ် သည် သြဂုတ် ၁၃ရက်တွင် နိုင်ငံအရှေ့ပိုင်း၌ ချုံခိုတိုက်ခိုက်မှုတစ်ခုပြုလုပ်ခဲ့ရာ စစ်သွေးကြွ ၁၄ဦးကို သုတ်သင်ရှင်းလင်းနိုင်ခဲ့ကြောင်း သိရသည်။

စစ်တပ်၏ အမှတ် ၁၀၁ ခြေလျင်တပ်ရင်း က နိုင်ငံအရှေ့ပိုင်းရှိ Tobruk နှင့် Ajdabiya မြို့ နှစ်မြို့ကြား ရှိ လုံခြုံရေးဂိတ်တစ်ခုတွင် ပြုလုပ်ခဲ့သော ချုံခိုတိုက်ခိုက်မှုတစ်ခု၌ စစ်သွေးကြွ ၁၄ဦး သေဆုံးခဲ့ကြောင်း ကြေညာခဲ့သည်။

စစ်သွေးကြွတစ်ချို့ကိုလည်း အရှင်ဖမ်းဆီးခဲ့ပြီး လက်နက်တပ်ဆင်ထားသည့် မော်တော်ယာဉ်များကို စစ်တပ်က သိမ်းယူခဲ့ကြောင်း သိရသည်။

စစ်သွေးကြွများ၏ ရုပ်အလောင်းများအား Ajdabiya မြို့ရှိ ဆေးရုံတစ်ရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ပြည်တွင်းသတင်းရင်းမြစ်များအရ စစ်တပ်က ပစ်မှတ်ထားတိုက်ခိုက်ခဲ့သော စစ်သွေးကြွများသည် အရှေ့ပိုင်း Darna မြို့မှ လွတ်မြောက်လာသော စစ်သွေးကြွအုပ်စုများ၏ အကြွင်းအကျန်များဖြစ်ပြီး ယင်းမြို့သည် ဇွန်လတွင် စစ်တပ်က စစ်သွေးကြွများ ထိန်းချုပ်မှုအောက်မှ ပြန်လည်သိမ်းယူနိုင်ခဲ့ကြောင်း ကြေညာခဲ့သည့် မြို့ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.