Connect with us

Latin America

အီကွေဒေါတွင် ယာဉ်မတော်တဆမှုကြောင့် လူ ၂၄ဦးသေဆုံး


ကွိုက်တို၊ သြဂုတ် ၁၅ ရက် (ဆင်ဟွာ)

အီကွေဒေါနိုင်ငံ တွင် သြဂုတ် ၁၄ ရက် အစောပိုင်းက ကိုလံဘီယာ နှင့် ဗင်နီဇွဲလားနိုင်ငံသားများ လိုက်ပါလာသည့် ဘတ်စ်ကားတစ်စီး မတော်တဆဖြစ်ပွားခဲ့၍ လူ ၂၄ဦးသေဆုံးပြီး အခြားလူ ၂၂ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကွိုက်တို မီးသတ်ဌာနကပြောကြားခဲ့သည်။

အဆိုပါ ဘတ်စ်ကားသည် ကွိုက်တိုမြို့သို့ မောင်းနှင်လာစဉ် မြို့တော်အနီး Pifo-Papallacta လမ်းပေါ်ရှိ “Deadman’s cure” ဟုခေါ်သည့် လမ်းတစ်လျှောက်တွင် ဒေသစံတော်ချိန် နံနက် ၃နာရီတွင် ကားတစ်စီး နှင့် တိုက်မိခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။

ကိုလံဘီယာနိုင်ငံ မှတ်ပုံတင်ဘတ်စ်ကားတစ်စီးသည် ဘရိတ်ပေါက်သွားပုံရပြီး ကားတစ်စီး နှင့် တိုက်မိကာ အကြိမ်ပေါင်းများစွာ လိမ့်သွားခဲ့ကြောင်း၊ ကားမရပ်သွားမီ နေအိမ်၃လုံးနှင့် တိုက်မိကာ အနည်းဆုံး လူ ၂၄ဦး သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

အမျိုးသားရဲတပ်ဖွဲ့အရာရှိ Roberto Padilla က ဘတ်စ်ကားခရီးသည်အများစုသည် ကိုလံဘီယာနိုင်ငံသားများဖြစ်သော်လည်း သေဆုံးသူများတွင် ဗင်နီဇွဲလားနိုင်ငံသားတစ်ချို့လည်းပါဝင်ကြောင်း နှင့် အခြားမော်တော်ယာဉ် မှ ကလေးငယ် ၂ဦးအပါအဝင် အနည်းဆုံး ခရီးသည် ၄ဦး အနက် ၃ဦး သေဆုံးခဲ့ကြောင်းပြောကြားခဲ့သည်။

အီကွေဒေါနိုင်ငံတွင်ဖြစ်ပွားခဲ့သည့် ယာဉ်တိုက်မှုအားတွေ့ရစဉ် (ဆင်ဟွာ)

အီကွေဒေါနိုင်ငံတွင်ဖြစ်ပွားခဲ့သည့် ယာဉ်တိုက်မှုအားတွေ့ရစဉ် (ဆင်ဟွာ)

အဆိုပါ ဘတ်စ်ကားသည် ခရီးသည် ၃၈ဦးကို သယ်ဆောင်လာပြီး ပြည်ပခရီးသွားလာရေးကုမ္ပဏီ တစ်ခုဖြစ်သည့် Cootrans Especiales del Oriente မှ ပိုင်ဆိုင်ကြောင်း El Comercio သတင်းစာကဖော်ပြခဲ့သည်။

ဘတ်စ်ကားမောင်းသူအား ဆေးရုံသို့ ပို့ဆောင်ထားပြီး ၎င်းသည် Cristian Andres Parra Silva အမည်ရှိ ကိုလံဘီယာနိုင်ငံသားဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.